အနုပညာအလုပ်တွေ ပရိသတ်တွေနဲ့ အချိန်တော်ကြာ ဝေးကွာခဲ့တဲ့ စမိုင်းလ်ကတော့ အခုဆို အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေဆီ ပြန်လာလို့နေပါပြီ။ ဂယက်တွေပါဟယ် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူမပါဝင်ထားပါသေးတယ်။

အနုပညာအလုပ်တင်မက စီးပွားရေးကိုပါ ဝါသနာပါတဲ့ စမိုင်းလ်ကတော့ အခုလည်း စီးပွားရေးနဲ့ ပတ်သက်ပြီး သူမရဲ့ အိမ်မက်တစ်ခုကို အကောင်အထည်ဖော်လိုက်ပါပြီ။

play

 

အဲ့ဒါကတော့ သူငယ်ချင်းတွေ စုပြီး ပျော်ဖို့အတွက် စီစဉ်ခဲ့ရာက စီးပွားရေးလုပ်ဖို့အထိပါ ဖြစ်ခဲ့ပြီလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"စွန်းစားတီထွင်တာဝါသနာပါတဲ့ကိုယ်တွေလင်မယားက သူများမလုပ်တာကိုမှလုပ်ချင်သူပါ။

ကျမရဲ့အိမ်မက်လေးကို ဒီနေ့တော့အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။

Party Bus ကားလေးနဲ့သူငယ်ချင်းတွေစုပြီးပျော်ဖို့အတွက်စီစဉ်ခဲ့ရာကစီးပွားရေးလုပ်ဖို့ပါဖြစ်လာခဲ့ပြီ။

ကျမတို့ရဲ့ Party Bus Myanmar page လေးကို Like and share လေးလုပ်ပြီးကူညီပေးပါအုန်းနော်.." ဆိုပြီး ပြောထားပါတယ်။

ဒီလအတွက်ကို အထူး ပရိုမိုးရှင်းတွေလည်း ရှိတယ်တဲ့။

play

 

private party လုပ်ချင်တဲ့သူတွေ wedding, birthday, Club သို့အသွား/အပြန်, Rave အသွား/အပြန် သူတွေအပြင် အခြားပျော်စရာ ခရီးထွက်ချင်တဲ့ သူတွေလည်းငှားကြလို့ ဆိုထားပါတယ်။

Party Bus ကို ဌားချင်တယ်ဆိုရင်တော့ Party bus page မှတဆင့် သို့မဟုတ် ဖုန်းနံပါတ် 09253770770 အားဆက်သွယ်ပြီး booking လုပ်လို့ရတယ်လို့ သိရပါတယ်။

Photo : စမိုင်းလ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video