မေမြတ်နိုးက ဒီရက်ပိုင်းအတွင်း နေသိပ်မကောင်းလို့ ပုံတွေမတင်ဖြစ်ဘူးလို့ ဆိုပါတယ်။ ဖေ့စ်ဘွတ်က ချစ်ဆုံးလေးတွေရော နေကောင်းကြရဲ့ လားဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်က မေးထားပါသေးတယ်။

ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ဖို့ပြောရင်း သူမရဲ့ ပုံအသစ်လေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။

play

"မြတ်နိုး ဒီရက်ပိုင်းအတွင်းနေသိပ်မကောင်းလို့ ပုံတွေမတင်ဖြစ်ဘူး Facebook ကချစ်ဆုံးလေးတွေရော နေကောင်းကြရဲ့လား ကျန်းမာရေး ဂရုစိုက်ကြပါနော် " ဆိုပြီး ပြောပြထားပါသေးတယ်။

မေမြတ်နိုးဟာ လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်နေပါတယ်။ မော်ဒယ်လောကမှာ နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားနိုင်သူ တစ်ယောက်လည်းဖြစ်ပါတယ်။

play

မေမြတ်နိုးဟာ မြန်မာနိုင်ငံရဲ့ မဂ္ဂဇင်းများ၊ ဂျာနယ်များရဲ့ မျက်နှာဖုံးရှင်သာမက ပြည်ပနိုင်ငံရဲ့ မဂ္ဂဇင်းတစ်ခုအတွက် မျက်နှာဖုံးရှင် ဖြစ်ခဲ့ပါသေးတယ။်

play

 

မေမြတ်နိုးဟာ Miss Asia Pacific World  2014 ရဲ့ အလှမယ်တစ်ဦးဖြစ်ခဲ့ပြီး သရဖူနဲ့ ပတ်သက်ကာ ဂယက်များစွာနဲ့ ကြုံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။

အလှမယ်ဘဝနဲ့ ရပ်တည်လာပြီး 2016 ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Asia's Next Top Model ပြိုင်ပွဲတွင်လည်း ပရိသတ်အသိအမှတ်ပြုခြင်း ခံရတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

Photo : မေမြတ်နိုး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video