အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတဲ့ အဆိုတော် ပိုးဒါလီသိန်းတန်ဟာ သူမရဲ့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေထိုင်လျက်ရှိပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေ သူမရဲ့ နေထိုင်မှုတွေ ဖက်ရှင်တွေကို မျှဝေပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံကို ပြန်လာပြီးတော့ အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ အစီအစဉ်မရှိသေးပေမယ့်လည်း သူမရဲ့ ပရိသတ်တွေနဲ့တော့ အဆက်အသွယ် မပြတ်ဘဲ ရှိပါတယ်။

play

 

‘‘မြန်မာပြည် ပြန်လာပြီး အနုပညာအလုပ်တွေလုပ်ဖို့ အစီအ စဉ်မရှိပေမယ့် လောလောဆယ် မပိုးရဲ့ 'My Style Diary' မှာ ဝတ်စားပုံ၊ နေထိုင်ပုံ Style tips & Idea တွေကို ဝေမျှသွားပါမယ်။ အများပျော်ရွှင်ဖို့ စိတ်အားတက်ဖို့ အဓိကရည်ရွယ်တာပါ။ မိတ်ဆွေ ဟောင်း၊ မိတ်ဆွေသစ်တွေနဲ့ ပြန်ဆုံရတဲ့အတွက်လည်း အရမ်းပျော်ရွှင်ကျေနပ်မိပါတယ်’’ ဆိုပြီး 7day Daily ကို ဖြေဆိုပေးထားတာ တွေ့ရပါတယ်။

play

 

ပိုးဒါလီသိန်းတန်ဟာ  Poe Darli Thein Tan ဆိုတဲ့ နာမည်နဲ့ပဲ ဖေ့စ်ဘွတ်ပေ့ခ်ျဖွင့်ပြီးတော့ သူမရဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလျက်ရှိပါတယ်။

အနုပညာလှုပ်ရှားမှုတွေနဲ့ ဝေးကွာနေသူ တစ်ဦး ဖြစ်ပေမယ့်လည်း ပရိသတ်များက အားပေးနေဆဲပါ။

play

 

သူမကိုတော့ ပရိသတ်များက မြန်မာနိုင်ငံ ပြန်လာပြီး အနုပညာအလုပ်တွေ ပြုလုပ်စေချင်ကြောင့် မှတ်ချက်ပေးထားတာတွေလည်း တွေ့ရပါတယ်။

ပိုးဒါလီသိန်းတန်ဟာ လက်ရှိမှာတော့ မိသားစုနဲ့အတူ အမေရိကန် နိုင်ငံမှာ အခြေချနေထိုင်လျက်ရှိပါတယ်။

Source : 7day Daily

Photo  : ပိုးဒါလီသိန်းတန် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video