AD
AD
AD

အနုပညာလောကမှာ ဇာတ်ပို့မင်းသမီးနေရာကနေ ပရိသတ်အားပေးမှု ရရှိထားသူ သရုပ်ဆောင် ရတနာနိုနိုက ဒီဇင်ဘာ (၁၂) ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း မင်္ဂလာလက်မှတ်ရေးထိုးခဲ့တဲ့ ပုံရိပ်လေးတွေ ကိုလည်း တင်ထားတာ တွေ့ရပါတယ်။

play

 

သူမရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကို ပါဝင်ခဲ့ကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

"ဒီနေ့လာကူညီကျသောသူငယ်ချင်းများကျေးဇူးအရမ်းတင်ပါတယ် အင်္ကျီစီစဉ်ပေးသော မင်းသမီးလေးအိချောပို မိတ်ကပ်လိမ်းပေးသော စိးုစိုးဒါလီတို့ကိုလဲကျေးဇူးတင်ပါတယ်ရှင်" ဆိုပြီး ပြောပြထားပါတယ်။

play

 

ရတနာနိုနိုဟာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ရပ်တည်နေသူ တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။

သူမဟာ ဝါရင့်အနုပညာရှင်များစွာနဲ့ တွဲကာ ဇာတ်ကားတွေ ရိုက်ကူးဖူးသူလည်း ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ သားညီရိုက်ကူးထားတဲ့ ရတနာပုံ ဇာတ်လမ်းတွဲမှာလည်း ဟိန်းဝေယံ၊ မိုးယံဇွန်၊ ထွန်းကိုကို၊ ထက်ပိုင်ဦး၊ ကေညီ၊ ရတနာဗို၊ အေးဝတ်ရည်သောင်း၊ ဇွန်သံစဉ်၊ ချစ်ကြေးမှုံတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo : ရတနာနိုနို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD