AD
AD
AD

သရုပ်ဆောင် ဘေဘီမောင်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပတဲ့ ရုပ်ရှင်ညီလာခံမှာ သူမအရမ်းကြိုက်တဲ့ မင်းသားတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်တဲ့။ အဲ့ဒီမင်းသားကတော့ နေမျိုးအောင်ဖြစ်ပါတယ်။

နေမျိုးအောင်ကို သူမကို တစ်ယောက်တည်းတင် ကြိုက်တာမဟုတ်ဘဲ သူမရဲ့ အမေပါ ကြိုက်နှစ်သက်တဲ့ မင်းသားတစ်ယောက်ဖြစ်တယ်လို့ ပြောထားပါတယ်။

play

 

နေမျိုးအောင်ရဲ့ သရုပ်ဆောင်မှုဟာ အရမ်းကောင်းတဲ့အတွက် မိသားစုက အကယ်ဒမီပေးထားတဲ့ မင်းသားတစ်ယောက်ပါတဲ့။ ဘေဘီမောင်က သူနဲ့အတူတူတွဲပြီးတော့ စစ်ကားရိုက်ချင်မိတယ်ဆိုပြီးတော့လည်း ပြောထားပါတယ်။

"မေမေကြိုက်တဲ့မင်းသား သမီးလည်းသဘောကျတယ်။

သရုပ်ဆောင်တာအရမ်းကောင်းလို့ သမီးတို့မိသားစုအကယ်ဒမီပေးထားတဲ့မင်းသား စစ်ဝတ်စုံနဲ့ဆိုသိပ်လိုက်တာ အကိုတို့နဲ့စစ်ကားရိုက်ချင်မိတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

play

 

နေမျိုးအောင်ဟာ ကျရာ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်တာကြောင့် ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

အရင်တုန်းက ဆက်စီကျကျ ဝတ်စားမှုမျိုးနဲ့ လူသိများခဲ့တဲ့ ဘေဘီမောင်ဟာ အခုချိန်မှာ သရုပ်ဆောင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အတွက် အရင်လို ခပ်ဟော့ဟော့တွေ မဝင်တော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။

play

 

သရုပ်ဆောင်ဆိုတာ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့ အတွက်  ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

Photo : ဘေဘီမောင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD