AD
AD
AD

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားပေမယ့် ယခုထက်ထိ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားနိုင်သူ သရုပ်ဆောင် နန္ဒာလှိုင်က ယခုရက်ပိုင်းအတွင်းမှာ ဝိတ်ချနေတယ်လို့ သိရပါတယ်။ သူမကို အရမ်းပိန်သွားလို့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

နန္ဒာလှိုင်ကတော့ သူမပိန်သွားတာဟာ ဝိတ်ချနေတဲ့အချိန်မို့လို့ ပိန်သွားတာ ဖြစ်ကြောင်းနဲ့ နောက်တော့ မျက်နှာပြန်ပြည့်သွားမှာပါဆိုပြီး ပရိသတ်တွေကို ပြန်ပြောပြခဲ့ပါတယ်။

play

 

အရမ်းပိန်သွားပြီး မလှတော့ဘူးလို့ ပြောတဲ့သူတွေကိုလည်း စိတ်မပူဖို့ကို သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက် ပြောပြထား ပါတယ်။

"အရမ်းပိန်သွားလို့မလှတော့ဘူးလို့စိတ်မကောင်းဖြစ်နေတဲ့သူတွေမပူပါနဲ့လို့

ဝိတ်ချနေတဲ့အချိန်မို့လို့ပါလို့

နောက်တော့မျက်နှာပြန်ပြည့်သွားမှာပါလို့

မလှတော့လဲကိစ္စမရှိပါဘူးလို့

ပစ္စည်းသင်္ခါရ လူသင်္ခါရ အလှသင်္ခါရ ပါလို့" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

play

 

ပရိသတ်တွေကတော့ သူမဘယ်လိုနေနေ လှပြီးသား ချစ်ပြီးသားပါဆိုပြီး သူမရဲ့ ပို့စ်အောက်မှာ ပြန်ပြီး မှတ်ချက်လေးတွေ ပေးထားကြပါသေးတယ်။ နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေ နားထားပေမယ့်လည်း ယခုထက်တိုင် ပရိသတ်အားပေးမှုကို ရရှိထားတဲ့ အနုပညာ ရှင်တစ်ဦးဖြစ် ပါတယ်။

play

 

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

Photo : နန္ဒာလှိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD