AD
AD
AD

သရုပ်ဆောင် ပန်းဖြူက မနက်စောစောမှာ ခိုလေးတွေ အစာကျွေးရင်းနဲ့ ပရိသတ်တွေကို "Morning" ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။ ပရိသတ်တွေနဲ့ ဝေးကွာနေတဲ့ ပန်းဖြူကတော့ ကယက်တွေပါဟယ် ဇာတ်ကားနဲ့ ပြန်နီးစပ်ခဲ့ပြီ ဖြစ်ပါတယ်။

အနုပညာလောကနဲ့ (၆)နှစ်ကြာ ဝေးကွာနေပေမယ့် ပန်းဖြူဆိုတဲ့ သူမကို ပရိသတ်တွေက အခုထိ ချစ်ဆဲပါပဲ။ မနက်ခင်းအလှလေးနဲ့အတူ သူမရဲ့ အပြုံးလေးတွေနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

play

 

သရုပ်ဆောင်ပန်းဖြူကတော့ အနုပညာအလုပ်မလုပ်တော့တာ ၆ နှစ်ပြည့်ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ပြန်လည်ရိုက်ကူးသွားမယ့် ဂယက်တွေပါဟယ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် လူမင်း၊ ခန့်စည်သူ၊ ဖြိုးငွေစိုး၊ ဆန်းထွဋ်၊ ခိုင်သင်းကြည်၊ ပန်းဖြူ ၊ Smile ၊ ကြည်လဲ့လဲ့ဦး၊ ဖူးပွင့်သခင် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

အနုပညာအလုပ်တွေနဲ့ဝေးကွာနေတာ ၆ နှစ်ကြာပြီဖြစ်တဲ့သရုပ်ဆောင်ပန်းဖြူကတော့ ပထမဆုံးအနေနဲ့ ဂယက်တွေပါဟယ် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရင်ခုန်သံစကားတွေကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

play

'' ပထမဆုံးပြန်ရိုက်တဲ့ ဇာတ်ကားဖြစ်တဲ့အတွက် အကုန်လုံးက အသစ်လိုပြန်ဖြစ်နေတယ်။ အရမ်းလည်းစိတ်လှုပ်ရှားပါတယ်။ ရိုက်ကွင်းနဲ့လည်းဝေးနေတာကြာပါပြီ။ အမျိုးသားရဲ့ ဇာတ်ကားရိုက်ကွင်းတွေကိုတောင် မလိုက်ခဲ့ပါဘူး သူက ပရိုဂျူဆာလုပ်တော့ သူ့ရိုက်ကွင်းတွေတောင် လိုက်မကြည့်ဖြစ်ဘူး ဘာကြောင့်လဲဆိုတော့ ပိုခံစားရမှာစိုးလို့ပေါ့နော်။ အနုပညာလောကကို မိသားစုလို သဘောထားခဲ့တာပါ။ကိုယ်ခွဲနေရတဲ့ မိသားစု ကို ခဏလေးပြန်တွေ့ရမှာဖြစ်ပြီး စိတ်မကောင်းဖြစ်မှာစိုးတယ်။ အခုတော့ ကိုယ်တိုင် လည်း ရုပ်ရှင်ပြန်ရိုက်ရမှာဆိုတော့ အဲ့ဒါတွေကို ပြန်တွေ့ရမှာဆိုတော့ စိတ်လှုပ်ရှားတယ် အဓိက ကတော့ပျော်တယ်။ '' လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

Photo: ပန်းဖြူဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD