အဆိုတော် ဝိုင်းလေးကတော့ ပရိသတ်တွေအတွက် သီချင်းအသစ်တွေ ပြင်ဆင်လို့ နေပါတယ်။ သီချင်းတွေကို ချစ်တဲ့ ဝိုင်းလေးကတော့ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင်တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားတာ တွေ့ရပါတယ်။

မကြာခင် ရက်ပိုင်းမှာလည်း သူမရဲ့ ပရိသတ်တွေအတွက် Single Song တစ်ပုဒ် ပြင်ဆင်လျက်ရှိပါတယ်။

play

 

အဲ့ဒီသီချင်းနာမည်ကတော့ "အဆင်ပြေသွားမှာပါ" ဆိုတဲ့ သီချင်းဖြစ်ပါတယ်။ အဲ့ဒီသီချင်းကို ဒီဇင်ဘာ(၁၅) ရက်နေ့ ည(၈)နာရီ မှာ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ တင်ပေးမယ်ဆိုပြီး ပြောထားပါသေးတယ်။

ဝိုင်းလေးဟာ ပရိသတ်တွေအတွက် သီချင်းတွေကို အဆက်မပြတ် နားဆင်နိုင်အောင် ကြိုးစားပေးနေတာကိုလည်းတွေ့ရပါတယ်။

play

 

နောက်ထပ် တစ်ကိုယ်တော်အခွေမထွက်ခင်မှာ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ သီချင်းတစ်ပုဒ်ချင်းစီ တင်ပေးလျက်ရှိပါတယ်။ သူမတင်ပေးခဲ့တဲ့ "တာဝန်အရ"၊ လမ်းခွဲရင်ကောင်းမယ် စတဲ့ သီချင်းလေးတွေဟာ တစ်ပုဒ်ချင်းအောင်မြင်ခဲ့ပါတယ်။

play

 

ဝိုင်းလေးကတော့ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။ Selfie အမည်ရှိတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းအများစု က လည်း ပရိသတ်အကြိုက်နဲ့ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။

Photo : ဝိုင်းလေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video