3Girls ရုပ်ရှင် ပရိုမိုးရှင်းပွဲအတွက် မန္တလေးရောက်နေတဲ့ ဖွေးဖွေးဟာ ဓာတ်ပုံအတူရိုက်ချင်တဲ့ မိန်းကလေးတွေ စိတ်ကျေနပ်တဲ့အထိ စိတ်ရှည်လက်ရှည်နဲ့ အကြိမ်ကြိမ်ဓာတ်ပုံ ရိုက်ခံခဲ့ပါတယ်။

play

 

ပရိသတ် အမျိုးသမီးတွေက ဓာတ်ပုံမလှလို့ဆိုပြီး အကြိမ်ကြိမ် ပြန်ရိုက်တာကို ဖွေးဖွေးက မငြူစူဘဲ သူတို့စိတ်ကျေနပ်တဲ့အထိ ရိုက်ပေးနေခဲ့တာပါ။ အဲဒါအပြင် အဆင်မပြေမှာစိုးလို့ဆိုပြီး ကားပေါ်ကနေ ဆင်းပြီးတော့ ရိုက်ပေးခဲ့ပါတယ်။

ဖွေးက အွန်လိုင်းပေါ်က ပရိသတ်တွေနဲ့ Live ပြောနေရင်း အဲဒီအဖြစ်အပျက်လေး ကြုံခဲ့တာဖြစ်ပြီး အပြင်က ပရိသတ်တွေကို အချိန်ပေးနေချိန်မှာ အွန်လိုင်းပရိသတ်တွေကိုလည်း လျစ်လျူရှုမထားခဲ့ပါဘူး။

Postby

 

"ဖွေး မြို့မရုပ်ရှင်ရုံမှာ လက်မှတ်ထိုးပြီးသွားပြီပေါ့နော်။ ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေ ပြမလို့။ ကင်မရာလေး..ဟန်းမိတ်လေး။ အထဲမှာ ဘာပါလဲတော့ မဖွင့်ကြည့်ရသေးဘူး။ နောက်ပြီးတော့ ဒါကလည်း ဟန်းမိတ်ပဲ။ ချစ်စရာလေး" လို့ဆိုပြီး သူမကို ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေကို ပြောပြနေခဲ့တာဖြစ်ပါတယ်။

play

 

ဖွေးဖွေးနဲ့အတူ ဒါရိုက်တာဝိုင်း၊ အလင်းရောင် တို့လည်း ပါလာတာကို တွေ့ရပါတယ်။

3 Girls ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့ရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ တင်ဆက်ပြသနေပါပြီ။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အလင်းရောင်၊ အကယ်ဒမီဖွေးဖွေး၊ အိချောပိုနဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photos : We Love Phway Phway, Phway Phway

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video