AD
AD
AD

ဖွေးက အလင်းရောင် အိပ်နေတုန်း ဓာတ်ပုံရိုက်တင်လို့ အလင်းရောင်ကလည်း ဖွေးအိပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ပြန်တင်လိုက်တာဖြစ်ပါတယ်။

play

 

နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရုံတင်ပြသတဲ့ 3Girls ရုပ်ရှင်ဇာတ်ကားအတွက် အဖွဲ့သားတွေ ပြေးလိုက်လွှားလိုက်နဲ့ အလုပ်များနေကြတာပါ။ ဒါရိုက်တာ ဝိုင်း၊ ဖွေးဖွေးနဲ့ အလင်းရောင်ဟာလည်း ဒီနေ့မနက်ခင်းမှာ မန္တလေးကို လေယာဉ်နဲ့ ခရီးနှင်ခဲ့ကြပါတယ်။ အားလုံးက ပင်ပန်းနေကြတဲ့အတွက် လေယာဉ်ပေါ်မှာ ခဏအိပ်ပျော်ခဲ့ကြတာဖြစ်ပြီး တစ်ယောက်တစ်လှည့်ဆီ ဆေးထိုးနေကြတာ ဖြစ်ပါတယ်။

"ဖွေးကို ပြန်ကလဲ့စားချေထားတာ" လို့လည်း အလင်းရောင်က ရေးပြီး လျှာထုတ်နေတဲ့ emoji ပုံလေးတွေလည်း ထည့်ထားပါတယ်။

3 Girls ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့ရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ တင်ဆက်ပြသနေပါပြီ။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အလင်းရောင်၊ အကယ်ဒမီဖွေးဖွေး၊ အိချောပိုနဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

သရဲမ ဘီလူးမနဲ့ မိန်းမပျိုလို့ အမည်ပေးထားတဲ့ 3Girls ဇာတ်ကားမှာ အိချောပိုက သရဲမလေးအဖြစ်လည်းကောင်း၊ ဖွေးဖွေးက စိတ်ထားမကောင်းတဲ့ ဘီလူးမလို မိန်းကလေးအဖြစ်လည်းကောင်း၊ ပိုင်ဖြိုးသုက စာရေးဆရာမလေးအဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ကြပါတယ်။

ဒီဇာတ်ကားဟာ ဖွေးဖွေးရဲ့ပထမဆုံး ဗီလိန်ဇာတ်ရုပ်လည်းဖြစ်လို့ မပြသမီကတည်းက လူအများရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

Photos : ဖွေးဖွေး နဲ့ အလင်းရောင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD