AD
AD
AD

သရုပ်ဆောင် ကောင်းခန့်နဲ့ မရူပါတို့ရဲ့သမီးဦးလေးရဲ့ ၅ လပြည့် မွေးနေ့အလှူအဖြစ် ဒီနေ့ (ဒီဇင်ဘာလ ၁၅) ရက်နေ့မှာ  ရွှေလင်းယုန်ဆရာတော် ဘုရားကြီးကို ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တာဖြစ်ပြီး ဆရာတော်က သမီးလေးကို အမည်ပေးခဲ့ပါတယ်။

play

 

"သမီးကုကူ ရဲ့ ၁၇ရက်နေ့မှာ ကျရောက်မည့် ၅လပြည့်မွေးနေ့အလှူအဖြစ် ရွှေလင်းယုန် ဆရာတော်ဘုရားကြီးအား ဆွမ်းဆပ်ကပ်လှူဒါန်းပါသည်။ဆရာတော်ဘုရားကြီးမှ ကုမုဒြာကောင်းခန့်အမည် အစား မကြာဖြူကောင်းခန့်ဟုခေါ်တွင်စေရန် အမည်ပေးကင်းပွန်းတပ် ချီးမြှင့်တော်မူပါသည်။" လို့ ကောင်းခန့်က သူ့ရဲ့ဖေ့စ်ဘွတ်မှ ရေးသားထားပါတယ်။

အဲဒါကြောင့် ဒီနေ့ကစပြီး သမီးလေးကို မကြာဖြူကောင်းခန့်လို့ ခေါ်ပေးကြဖို့ ကောင်းခန့်က တောင်းဆိုထားပါတယ်။

play

 

"ယနေ့ ပြုသမျှကုသိုလ်ကောင်းအစုစုအားလဲ အမျှကုသိုလ် ပေးဝေးပါသည်။ သာဓု ခေါ်ဆိုနိုင်ကြပါစေ ။

P.S နာမည်ပေးကင်းပွန်းတပ် ဧည့်ခံခြင်းအား သမီးလေး ၁နှစ်ပြည့်မှဘဲ လုပ်မည်ဖြစ်ကြောင်း ဟီးဟီး  

ဖေဖေ ဦးကောင်းခန့် + မေမေ ဒေါ်ရူပါ

သမီးလေး ကြာဖြူကောင်းခန့်" လို့လည်း ရေးသားထားပါတယ်။

play

 

ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ပြီ ဖြစ်တဲ့ သရုပ်ဆောင် ကောင်းခန့်နဲ့ မရူပါတို့ရဲ့ မင်္ဂလာလက်မှတ်ထိုးပွဲကို ၂၀၁၆ ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့ မနက်ပိုင်းက နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကျွေးအလှူကို  ဇူလိုင်လ(၁၉)ရက်နေ့က မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ စုလျားရစ်ပတ်ထိမ်းမြား မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၁၄ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ညစာစားပွဲကိုတော့ ၂၀၁၆ နိုဝင်ဘာ(၁၅)ရက်နေ့က ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သမီးလေး ကြာဖြူကောင်းခန့်ကိုတော့ သူတို့နှစ်ဦးရဲ့ အိမ်ထောင်သက် ၁ နှစ်တိတိအကြာ ဇူလိုင်(၁၇)ရက်နေ့က ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး သူတို့မိသားစု သုံးယောက်စလုံးက ဇူလိုင်လထဲမှာ မွေးတဲ့ သူတွေချည်းပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD