၁၉၉၅ -၁၉၉၆ ခုနှစ်လောက်ကစပြီး အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ ကိုကိုလင်းမောင်ကတော့ ယခုလက်ရှိမှာ ရုပ်သံဇာတ်လမ်း တွဲ တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိထားပါတယ်။

အိမ်ထောင်ကျပြီး နောက်ပိုင်း ၁၉၉၆ခုနှစ်က စတင်ကာ မိသားစုကို အချိန်ပေးခဲ့တာကြောင့် အနုပညာလောကနဲ့ အဆက်အသွယ် ပြတ်သွား ခဲ့တာ ဖြစ်ပါတယ်။

play

 

သူ့အနေနဲ့ ယခုလို ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်ပုံကိုလည်း  ပြောပြထားပါသေးတယ်။

"ဒီလောကထဲ ပြန်ရောက် လာတာကတော့ ပါပါကြီး ဦးတင် ဦး (ဒါရိုက်တာမောင်တင်ဦး) ဆုံး သွားတဲ့သတင်းေ တွ့လိုက်တဲ့အ ချိန်မှာ စိတ်ထဲမကောင်းဘူး။ နောက်ဆုံးအနေနဲ့ ဆရာ့ကို ဂါရဝ သွားပြုဖို့အတွက် မန္တလေးသွားခဲ့ တယ်။ ပါပါကြီး ဓာတ်ပုံထောင် ထားတာကိုကြည့်ပြီး ကျွန်တော် ပြန်ရိုက်ချင်စိတ်ဖြစ်လာတယ်။ အားလုံးကလည်း ရိုက်ပါလားဆို တာနဲ့ ကိုယ်လည်းအချိန်လေး နည်းနည်းအားသွားတာရယ်၊ ရိုက် ချင်တဲ့စိတ်လေးဖြစ်လာတာရယ် ကြောင့် ပြန်ရိုက်ဖြစ်တာပါ’’ လို့ သူက 7day Daily မှာ ဖြေဆိုထားပါတယ်။

play

 

အနုပညာလောကနဲ့ ဝေးကွာနေပြီး ဇာတ်ကားတွေ ပြန်စရိုက်တဲ့ အချိန်ဟာ သူ့အတွက် ကျောင်းပြန်တက်ရသလိုပါပဲတဲ့။ ဒိုင်ယာလော့ခ်တွေ ပြန်ကျက်ရတယ်လို့ သူက ဆိုပါတယ်။

အခုဆိုရင်တော့ ကိုကိုလင်းမောင်ဟာ  ‘မမထိပ်နဲ့ အမွေစံအိမ်’၊ ‘အမုန်းမှသည်’နှင့် ‘ပန်း နှစ်ပွင့်စီးချင်း’ စတဲ့ ရုပ်သံဇာတ်လမ်းတွဲသုံးခု ရိုက်ကူးထားပြီး အဲ့ဒီ ဇာတ်ကားတွေနဲ့ပဲ သူ့ရဲ့ ပရိသတ်တွေဟောင်းတွေကို ပြန်လည်ဆွဲဆောင်ထားနိုင်သူပါ။

play

 

သူပါဝင်ထားတဲ့ ဇာတ်လမ်းတွဲ သုံးခုမှာ နှစ်ခုက ထုတ်လွှင့်ပြသပြီး ဖြစ်သလို ပန်းနှစ်ပွင့်စီးချင်းဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ သမာသမတ်ကျတဲ့ ရှေ့နေကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဇန်နဝါရီလမှာ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

Source : 7day Daily

Photo : ကိုကိုလင်းမောင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video