ဒီဇင်ဘာ(၁၅) ရက်နေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှာ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ပေးအပ်ဆုကို ပရဟိတသမား အနုပညာရှင် ဝေဠုကျော်က ရရှိခဲ့ပါတယ်။

ဝေဠုကျော်ဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ရခိုင်ဂုဏ်ဆောင်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

အဲ့ဆုကိုလည်း ဝေဠုကျော်ကိုယ်တိုင် တက်ရောက်ဆုယူခဲ့ပါတယ်။  ပရိသတ်တွေကတော့ သရုပ်ဆောင် ဝေဠုကျော်အတွက် ဂုဏ်ယူလို့ နေပါတယ်။

ဝေဠုကျော်ဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ(၄) ရက်နေ့က ဧမာနွေလ ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ယူနီယံဓမ္မတက္ကသိုလ်ရဲ့ ၁၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ သရုပ်ဆောင် ဝေဠုကျော်ကို ဒေါက်တာဘွဲ့ ပေးအပ်ခဲ့ပါတယ်။

play

 

ထို့အပြင် ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေး၊မီးဘေး၊ရေဘေး၊မြေပြိုမှုတွေမှာ အလျင်အမြန်အကူ အညီပေးနိုင်သူ  တစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ 7Day News Journal ရဲ့ သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။

ပရဟိတလုပ်ငန်းများကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်နေတဲ့ ဝေဠုကျော်နဲ့ သူတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကတော့ အခက်အခဲတွေ့ နေသူပြည်သူများအတွက် အားဆေးတစ်ခွက်လို့ဆိုရမှာပါ။

play

 

၂၀၀၉ ခုနှစ်ကနေစပြီး လူမှုအကျိုးပြုအလုပ်တွေလုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်ကတော့ အနုပညာအလုပ်တွေသာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

ရခိုင်အရေးကိစ္စမှာလည်း ပါဝင်လှုပ်ရှားခဲ့သလို ယခုထက်တိုင် မောင်တောဘက်မှာ လိုအပ်တာတွေကို ကူညီလုပ်ကိုင် ပေးလျက်ရှိပါ တယ်။

Photo : ဝေဠုကျော် ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video