AD
AD
AD

သရုပ်ဆောင် အဆိုတော် ချစ်သုဝေကတော့ ပွဲတွေ ဆက်တိုက်ဆိုသလို တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်။ ဒီဇင်ဘာ(၁၇)ရက်နေ့က မန္တလေးမှာ ကျင်းပတဲ့ ပွဲတစ်ခုကို တက်ရောက်ပြီးသီချင်းတွေလည်း  ဆိုဖြစ်ခဲ့ပါတယ်။

သီချင်းအသစ်တွေ မရှိခဲ့တာ (၇)နှစ်ကျော်သွားပေမယ့် မပြောင်းမလဲချစ်ပေးနေသလို သီချင်းဟောင်းတွေကိုလည်း လိုက်ဆိုပေးနေသေးတဲ့ ပရိသတ်တွေကြောင့် သူမက ပျော်လို့နေပါတယ်။

play

 

ပြီးတော့လည်း မန္တလေးမှာ ပွဲတွေ ဆိုပြီး ငယ်မူပြန်နေတယ်လို့ သူမက ပြောထားပါသေးတယ်။

"အနားက မေကြီးရယ်  ‍  ..သီချင်းတွေရယ်  ..

အသစ်သောသီချင်းတွေမရှိခဲ့တာ၇နှစ်ကျော်သွားပေမယ့် မပြောင်းမလဲချစ်ပေးနေသေး သီချင်းဟောင်းတွေလိုက်ဆိုပေးနေသေးတဲ့ ပရိသတ်တွေရယ်...

ဒီနေ့ တော့ မန်းလေးမှာ ပွဲတွေဆိုပြီး ငယ်မူပြန်တယ်...

"မေကြီးအတွက် ကိုယ်ဟာမပြောင်းမလဲခုထိ ကလေးပဲ❤️(တခြားသောအားလုံးအတွက်တော့ ကိုယ်ဟာ ကလေးအမေ   ကလေးအမေ မှ ကလေး၂ယောက်အမေ      )  feeling...ဟီးဟီးဟားဟားဂူးဂူးဂါးဂါး" ဆိုပြီးတော့ ရေးထားပါတယ်။

play

သမီးနှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ ချစ်သုဝေရဲ့ အပြုအမူအပြောအဆိုလေးတွေဟာ တစ်ခါတစ်ခါ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းဖြူစင်လှပါတယ်။

ကလေးတွေအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်သလို သူမရဲ့ မိခင်နဲ့ဆိုလည်း ကလေးလေးတစ်ယောက်လို ချွဲတက်တာလေးက သူမက ချစ်စရာကောင်းတဲ့ပုံစံလေးပါ။

play

 

ကလေးလေးတစ်ယောက်လို လှပပြီး ချစ်ဖို့ကောင်းတဲ့ ချစ်သုဝေရဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်တယ်နော်။ လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာလည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

play

 

အခုဆိုရင် သူတို့နှစ်ဦးမှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

မေမြန်မာသစ်နဲ့ မေမြန်မာခေတ်လို့ နာမည်ပေးထားတဲ့ အမြွှာလေးတွေကို ဇန်နဝါရီ(၁၉)ရက်နေ့ နံနက်(၇)နာရီ (၄၄)မိနစ်အချိန်မှာ  ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မေမြန်မာသစ်နဲ့ မေမြန်မာခေတ် အမြွှာနှစ်ယောက်ထဲမှာ အကြီးမလေးက အမေချစ်သုဝေနဲ့တူပြီး အငယ်မလေးကတော့ ဖခင် လင်းလင်းနဲ့တူတယ်လို့ ပြောကြပါတယ်။

Photo : ချစ်သုဝေ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD