AD
AD
AD
play

 

စိုးမြတ်နန္ဒာအတွက် စိုးသူရဲ့ မွေးနေ့ ဆုတောင်း

စိုးသူက ဒီဇင်ဘာ (၁၅) ရက်နေ့မှာ ကျရောက်တဲ့ စိုးမြတ်နန္ဒာအတွက် မွေးနေ့ ဆုတောင်းလေး ပို့စ်လေးကို မွေးနေ့ရက်လေး မကုန်ဆုံးခင် မိနစ်ပိုင်းအလိုမှာ တင်လိုက်တာ ဖြစ်ပါတယ်။

စိုးသူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ စိုးမြတ်နန္ဒာရဲ့ ပုံလေးနဲ့အတူ HAPPY BIRTHDAY ဆိုတဲ့ စာသားလေးနဲ့အတူ အသည်းပုံလေးကို ရေးကာ မွေးနေ့ ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

play

 

ဖွေးဖွေးကို ပြန်ကလဲ့စားချေလိုက်တဲ့ အလင်းရောင်

ဖွေးက အလင်းရောင် အိပ်နေတုန်း ဓာတ်ပုံရိုက်တင်လို့ အလင်းရောင်ကလည်း ဖွေးအိပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီး ပြန်တင်လိုက်တာဖြစ်ပါတယ်။နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရုံတင်ပြသတဲ့ 3Girls ရုပ်ရှင်ဇာတ်ကားအတွက် အဖွဲ့သားတွေ ပြေးလိုက်လွှားလိုက်နဲ့ အလုပ်များနေကြတာပါ။

ဒါရိုက်တာ ဝိုင်း၊ ဖွေးဖွေးနဲ့ အလင်းရောင်ဟာလည်း ဒီနေ့မနက်ခင်းမှာ မန္တလေးကို လေယာဉ်နဲ့ ခရီးနှင်ခဲ့ကြပါတယ်။ အားလုံးက ပင်ပန်းနေကြတဲ့အတွက် လေယာဉ်ပေါ်မှာ ခဏအိပ်ပျော်ခဲ့ကြတာဖြစ်ပြီး တစ်ယောက်တစ်လှည့်ဆီ ဆေးထိုးနေကြတာ ဖြစ်ပါတယ်။

play

 

မော်ဒိုက်ရောက် နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံ

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံဟာ ဟန်းနီးမွန်းခရီးစဉ်လေး စတင်လို့နေပါပြီ။ ပထမဦးဆုံး ဟန်းနီးမွန်းခရီးစဉ်လေးအဖြစ် မော်ဒိုက်ကမ်းခြေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဟန်းနီးမွန်း ခရီးစဉ်ကို ဒီဇင်ဘာ(၁၄) ရက်နေ့က စတင်လိုက်တာ ဖြစ်ပါတယ်။ မော်ဒိုက်ကိုရောက်နေတဲ့ သူတို့ရဲ့ နှစ်ယောက်တွဲ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်တယ်နော်။

play

 

ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ကျော့ပြန် ရရှိထားနိုင်သူ ကိုကိုလင်းမောင်

၁၉၉၅ -၁၉၉၆ ခုနှစ်လောက်ကစပြီး အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်ခဲ့တဲ့ ကိုကိုလင်းမောင်ကတော့ ယခုလက်ရှိမှာ ရုပ်သံဇာတ်လမ်း တွဲ တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိထားပါတယ်။

အိမ်ထောင်ကျပြီး နောက်ပိုင်း ၁၉၉၆ခုနှစ်က စတင်ကာ မိသားစုကို အချိန်ပေးခဲ့တာကြောင့် အနုပညာလောကနဲ့ အဆက်အသွယ် ပြတ်သွား ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD