၂၀၁၇ ခုနှစ်ထဲမှာတော့ ပြည်သူချစ်အနုပညာရှင်တွေ တော်တော်များထဲက တချို့အနုပညာရှင်များကတော့ ချစ်တဲ့သူများနဲ့ ရွှေလက်တွဲ သွားကြပါပြီ။ ဒီနှစ်ထဲမှာ မင်္ဂလာဆောင်သွားခဲ့ကြတဲ့ အနုပညာရှင်(၉)ဦး ရှိလို့နေပါတယ်။

သူတို့ကတော့ ဘယ်သူတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

play

 

မြင့်မြတ်

မြင့်မြတ်ကတော့ ချစ်သူကောင်မလေးဖြစ်တဲ့ ခင်သူအောင်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲ ကို ဖေဖော်ဝါရီ(၁၅) ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက်နေ့ညနေက အာင်မြေသာ ဇံမြို့နယ်၊ ၈၅×၈၆လမ်းကြား၊ ၁၀×၁၁ကြားရှိ ဗုဒ္ဓဘာသာမင်းတဲ့စာသင်ကျောင်းမှာ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။

play

 

သဉ္ဇာနွယ်ဝင်း

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံကတော့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သားဦးလေးကိုတော့ နိုဝင်ဘာ(၇)ရက်နေ့က သဘာဝအတိုင်း မွေးဖွားလိုက်တာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ သားလေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားနေပြီ ဖြစ်ပါတယ်။

play

 

ကြာစိ

ဟာသရုပ်ဆောင် လူရွှင်တော် ကြာစိတို့ စုံတွဲရဲ့ မင်္ဂလာပွဲကိုတော့ အောက်တိုဘာ(၁၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ ဇနီးဖြစ်သူ ဆုဟန်နီဖြိုးရဲ့ ဇာတိမြို့လေးမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က တောင်ကြီးမြို့ရဲ့ အလှူတစ်ခုမှာ သွားရောက်ဖျော်ဖြေရာက သူမနဲ့ ကြာစိတို့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။ချစ်သူသက်တမ်း (၂)နှစ်ကျော် ရှိပြီ ဖြစ်တဲ့ သူတို့နှစ်ဦးဟာ ဘဝတူချင်းတွေလည်း ဖြစ်ပါတယ်။

ဇနီးလောင်း ဆုဟန်နီဖြိုးကတော့ ကလေးတွေအတွက် အကောင်းဆုံး မိခင်မေတ္တာပေးနိုင်တဲ့သူ တစ်ယောက်ဖြစ်တာကြောင့် ရွေးချယ်လိုက်ခြင်း ဖြစ်တယ်လို့ အင်တာဗျူးတွေ တော်တော်များများမှာ ဖြေဆိုဖူးပါတယ်။ ပရိသတ်များကလည်း သူတို့စုံတွဲကို အားပေးသဘောကျတာကိုလည်း တွေ့ရပါတယ်။

play

 

နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် အဆိုတော် နန်းမြတ်ဖြိုးသင်းရဲ့ ဖူးစာဘက်ကတော့ အနုပညာလောကထဲက မဟုတ်ပဲ အပြင်လောကက ဖြစ်ပါတယ်။ ကိုတာတာမျိုးလို့ ခေါ်တဲ့ ချစ်သူနဲ့ နန်းမြတ်ဖြိုးသင်းတို့ဟာ ချစ်သူသက်တမ်းသုံးနှစ် ခွဲလောက်မှာ ရွှေလက်တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နန်းမြတ်ထက် လေးနှစ်ကြီးတယ်လို့လည်း သိရပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

စိုးပြည့်ပြည့်စံ

စိုးပြည့်ပြည့်စံရဲ့ မင်္ဂလာပွဲကတော့ အောက်တိုဘာ(၉) ရက်နေ့က အပျော်စီး သင်္ဘောပေါ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။  ယခုဆိုရင် စိုးပြည့်ပြည့်စံမှာ ရင်သွေးလေး လွယ်ထားရပြီလို့ သိရပါတယ်။ ရင်သွေးလေးကတော့ သားလေးဖြစ်တယ်လို့ သိရပါတယ်။

play

 

ဖော်ကာ

အဆိုတော် ဖော်ကာနဲ့ ချစ်သူကောင်မလေး ပွင့်ဖြူအောင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲကိုတော့ အောက်တိုဘာ(၅)ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖော်ကာနဲ့ ချစ်သူကောင်မလေးတို့ဟာ ၂၀၁၂ခုနှစ်ဒီဇင်ဘာလမှာ ချစ်သူနဲ့ စတွေ့ခဲ့တာ ဖြစ်ပြီး ယခုဆိုရင်တော့ ချစ်သူသက်တမ်း လေးနှစ်ခွဲကြာမှာ လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲလေးကိုတော့ အောက်တိုဘာ(၈)ရက်နေ့ နံနက် Melia ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

ရှင်းရှင်း

မှိုလိုပေါက် သီချင်းခွေနဲ့ ပရိသတ်တွေ သတိထားမိသွားတဲ့ အဆိုတော် ရှင်းရှင်းရဲ့ မင်္ဂလာပွဲကိုတော့ အောက်တိုဘာ(၂၂)ရက်နေ့က  Melia Yangon Hotelမှာ ကျင်းပခဲ့ပါတာ ဖြစ်ပါတယ်။ မင်္ဂလာလက်မှတ်ထိုးပွဲကိုတော့ ဇူလိုင်(၇)ရက်နေ့က ပြုလုပ်တာဖြစ်ပါတယ်။ အဆိုတော်ရှင်းရှင်းကတော့ ငယ်ငယ်လေးကတည်း သီချင်းဆိုခဲ့တာ ဖြစ်ပြီး မှိုလိုပေါက် သီချင်းခွေနဲ့ ပရိသတ်တွေရင်း နှီးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအခွေလေးနဲ့ ပရိသတ်တွေကို ရင်းနှီးစေခဲ့တဲ့ သူမကတော့ အနုပညာလောကနဲ့ ကင်းကွာခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ပရိသတ်တွေနဲ့ အလှမ်းဝေးခဲ့တဲ့ သူမကတော့ လက်ထပ်သွားပြီဆိုတဲ့ သတင်းနဲ့ ပရိသတ်တွေက ပြန်ပြီး သတိထားမိခဲ့ပြီ ဖြစ်ပါတယ်။

play

 

ကောင်းကောင်း

အဆိုတော် ကောင်းကောင်းနဲ့ နီလာထူး(Mei Mei)တို့ရဲ့ မင်္ဂလာပွဲက  ဇူလိုင်(၂၃)ရက်နေ့က အမေရိက နိုင်ငံ၊ နီဘရာစကာပြည်နယ်၊ အိုမဟာမြို့ ကရင်နှစ်ခြင်းရီဗာ ဘုရားကျောင်းတွင် လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုတော် ကောင်းကောင်းရဲ့ မင်္ဂလာပွဲကတော့ ပရိသတ်များရဲ့ ဝေဖန်မှုတွေ များစွာလည်း ရှိခဲ့ပါတယ်။

play

 

ရတနာနိုနို

သရုပ်ဆောင်လောကမှာ ဇာတ်ပို့တစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှု ရရှိထားသူ ရတနာနိုနိုကတော့ ချစ်သူနဲ့ ဒီဇင်ဘာ (၁၂) ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သိပ်မသိကြပါဘူး။ မင်္ဂလာလက်မှတ်ထိုးတဲ့ နေ့မှာ ရတနာနိုနိုဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ မင်္ဂလာလက်မှတ်ရေးထိုးတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားတာတွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video