ဂီတလောကမှာ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင်နဲ့ သရုပ်ဆောင်သာမက ဂီတဘက်မှာပါ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ စိုးပြည့်သဇင်တို့ကတော့ ဖျော်ဖြေရေးခရီးစဉ်တစ်ခုနဲ့ ထိုင်းနိုင်ငံကို ရောက်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ ကောစမွေီကျွန်းမှာ သီချင်းဆိုဖို့ ဒီဇင်ဘာ(၁၉)ရက်နေ့က သွားခဲ့တာပါ။

play

 

အခုဆိုရင် ကောစမွေီကျွန်းကို ရောက်နေပြီး ဟိုတယ်မှာ အနားယူကာ အလှဓာတ်ပုံလေးတွေ ရိုက်ပြီး သူတို့နှစ်ယောက်စလုံးရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားကြပါတယ်။

စိုးပြည့်သဇင်က လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က "With my lovely sister" ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့ညီမနှစ်ယောက်ပုံလေးတွေ တင်ထားတာ တွေ့ရသလို စန္ဒီမြင့်လွင်ကလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ "မောနင်းနော်ညကအရမ်းပင်ပန်းပီးအိပ်တာခုမှနိုးဘရိတ်ဖတ်စားပုံပုံရိုက်" ဆိုပြီး ရေးသားထားပါတယ်။

play

 

အင်္ကျီအဖြူရောင်လေးတွေ ဆင်တူဝတ်ပြီး ဓာတ်ပုံရိုက်ထားတဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင်တို့ နှစ်ဦးစလုံးဟာ အနုပညာလမ်းခရီးမှာ အောင်မြင်မှုကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ ဂီတနဲ့ ပတ်သတ်ပြီး ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

play

 

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၉၂ခုနှစ် စက်တင်ဘာ (၂၂)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူမဟာ အခုဆိုရင် အသက်(၂၅)နှစ်ပြည့်ပြီ ဖြစ်ပါတယ်။သူမဟာ အသက်(၁၈)နှစ်နဲ့ အကယ်ဒမီဆုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

play

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင် ၊ စန္ဒီမြင့်လွင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video