ကလေးသရုပ်ဆောင်ကတည်းက ပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အိစိကွေးက ဒီဇင်ဘာ(၁၈)ရက်နေ့က သူ့ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘွတ်အကောင့်မှာ ခံစားချက်လေး တချို့ ရင်ဖွင့်ရေးသားထားတာတွေ့ရပါတယ်။

အဲ့ဒီစာတွေထဲမှာ အသက်နဲ့မလိုက်တဲ့ အခက်အခဲတွေ Stress တွေ ခံစားနေရကြောင်း အသက်(၁၆)နှစ်သာ ရှိသေးတဲ့ သူ့ကို အမျိုးမျိုး တိုက်ခိုက်ကြတာတွေကြောင့် စိတ်ညစ်နေရတာတွေကို ရေးသားထားတာ ဖြစ်ပါတယ်။

play

 

သူ့ရဲ့ အကြောင်းတွေကို ပြန်တွေးမိတိုင်း မျက်ရည်တွေ ကျမိပါတယ်တဲ့။ အနုပညာဆိုတာကို မလုပ်ခဲ့မိရင် အခုဆို လွတ်လွတ်လပ်လပ်နဲ့ ဘာကိုမှ ဂရုမစိုက်ပဲ နေလို့ရမယ်ဆိုပြီး ပြောထားပါတယ်။

"မျက်ရည်တွေကျလည်း ကျကျပဲ

ပြန်တွေးမိတယ်

ငါ ငယ်ငယ်တုန်းကသာ

အနုပညာဆိုတာကို မလုပ်ခဲ့မိရင်

အခုဆိုလွတ်လွတ်လပ်လပ်

ဘာကိုမှ ဂရုမစိုက်ပဲ နေလို့ ရမယ်

လူတွေရဲ့အပြောအဆိုတွေခံရမှာမဟုတ်ဘူး

ကျရှုံးမှုဆိုတာတွေ အများကြီးရမှာမဟုတ်ဘူး

ပုံမှန်စာကြိုးစား ဘွဲ့ယူ အလုပ်လုပ် မိဘကိုလုပ်ကျွေး

ကိုယ့်စိတ်ကူးကိုယ့်အတွေးနဲ့ ကိုယ်လုပ်ခွင့်ရမှာ

အခုတော့သူငယ်ချင်းဆိုတာကလည်းဘာမှန်းမသေချာ

ဘာပဲလုပ်ချင်လုပ်ချင် ဆင်ခြင်ရတယ် မလုပ်ရဘူး

အားလုံးကို ကြောက်နေရတယ်

Personal အရေးမကြီးတော့ဘူး

ကိုယ့်ကိုယ်ကိုတောင် ကိုယ်မပိုင်ဘူး

ဒီအသက်ရွယ်၁၆ လေးကို အမျိုးမျိုးတိုက်ခိုက်ကြတယ်

အသက်နဲ့မလိုက်တဲ့ အခက်ခဲတွေ Stress တွေ ခံရတယ်

ပျော်စရာစိတ်ချမ်းသာစရာဆိုတာ ဘာများလဲ " ဆိုပြီး ရေးသားထားပါတယ်။

play

 

သူ့ရေးသားထားတဲ့ စာသားတွေ အောက်မှာတော့ သူ့ရဲ့ သူငယ်ချင်းတွေ ပရိသတ်တွေ အနုပညာညီအစ်ကို မောင်နှမတွေအားလုံး အားပေးစကားတွေ ပြောထားတာလည်း တွေ့ရပါတယ်။ အိစိကွေးကတော့ လက်ရှိမှာ ပုဂံကို ရောက်နေပါတယ်။

ပုဂံမြို့သူ ဇာတ်လမ်းတွဲအတွက် ရောက်နေတာ ဖြစ်ပါတယ်။

Photo : အိစိကွေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video