AD
AD
AD

သရုပ်ဆောင် သက်မွန်မြင့်က မိသားစုလေးနဲ့ အချိန်ပြည့်ရှိနေသလို ခံစားချက်လေးကို ခံစားရလို့ ပျော်နေပါတယ်။ သူမရဲ့ လက်သည်း လေးတွေမှာ အခြားအလှပုံလေးတွေ မဖော်ပဲ မိသားစု ပုံလေးတွေကို ဖော်ထားလိုက်တာ ဖြစ်ပါတယ်။

အဲ့လိုမျိုး လက်သည်းလေးမှာ မိသားစုပုံလေးကို ထည့်ထားလိုက်တော့ မိသားစုလေးနဲ့ အချိန်ပြည့် ရှိနေသလိုပါပဲလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"မိသားစုလေးနဲ့ အချိန်ပြည့် ရှိနေသလိုပါပဲ     

Thanks a lot " O'2 Nails Bar" ( 3rd floor Juntion City)

ပုံမရွေးတတ်တော့လို့ အကုန်တင် 

ဟိုနေ့က Cele Chit Chat မှာတွေ့ပြီး စိတ်ဝင်စားသူများအတွက်" ဆိုပြီး ရေးသားထားကာ ပုံလေးတွေကိုလည်း တင်ထားပါသေးတယ်။

play

သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

play

 

၂၀၁၄ခုနှစ်ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ အိမ်ထောင်ပြုပြီး အခုဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေသူလည်း ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD