ဒီဇင်ဘာ (၂၄) ရက်နေ့က သရုပ်ဆောင် ထွန်းထွန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျရောက်တဲ့ မွေးနေ့က ထွန်းထွန်းရဲ့ (၃၄)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။

မွေးနေ့မှာ နှစ်တိုင်း ပရိတသ်များနဲ့ တွေ့ဆုံဖြစ်ခဲ့ပေမယ့် ဒီနှစ်မွေးနေ့ကိုတော့ Fan တွေနဲ့ တွေ့ဆုံတဲ့ အလေ့အထလေး ပျက်ကွက်မလားမသိဘူးဆိုပြီး ပြောပြထာပါတယ်။

play

 

‘‘Fan တွေကိုတော့ မွေးနေ့ မှာ ခေါ်ချင်ပါတယ်။ ဒါပေမဲ့လည်းကိုယ့်မြန်မာရိုက်ကွင်းမဟုတ်တဲ့ အတွက် လူအများကြီး တရုန်းရုန်း နဲ့ဆိုရင် အလုပ်လုပ်ရတာ နည်း နည်းအခက်အခဲရှိမယ်။ မွေးနေ့ မှာ နှစ်တိုင်း Fan တွေနဲ့ တွေ့ခဲ့ တယ်။ ဒီနှစ်လည်း တွေ့ချင် တယ်။ ဒါပေမဲ့ ဒီနှစ်မွေးနေ့က တော့ အဲဒီအလေ့အထလေးပျက် ကွက်မလားမသိပါဘူး။ အာရုံ စိုက်ရမယ့်ဟာလေးတွေရှိနေလို့ ပါ’’ သူက 7day Daily မှာ ဖြေဆိုပေးထားပါတယ်။

play

 

နှစ်စဉ်နှစ်တိုင်းမှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့တိုင်းကို ဘုန်းကြီးကျောင်းမှာ အလှူလုပ်ဖြစ်သော်လည်း ယခုနှစ်မှာတော့ ကိုရီးယား အနုပညာတက္ကသိုလ် တက်ရောက်နေတဲ့ မာစတာကျောင်းသားများနဲ့ ဇာတ်ကားရိုက်ကူးရေးရှိတာကြောင့် မွေးနေ့အလှူအတွက် မစီစဉ်ထားဘူးလို့ သိရပါတယ်။

လက်ရှိမှာ သရုပ်ဆောင် ထွန်းထွန်းက တန်ဖိုးဆိုတဲ့ ဇာတ်ကားရိုက်ကူးဖို့ ရှိနေပြီး အဲ့ဒီကားထဲမှာ ပေါ့ပြက်ပြက် လေးလေးနက်နက်မရှိဘဲ ဘဝကို တန်ဖိုးမထားတဲ့ လူငယ်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ လပိုင်းလောက်က အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှု ခံလိုက်ရတဲ့ ထွန်းထွန်းက သူ့ရဲ့ အချစ်ရေးကို သိချင်ပါက သူကိုယ်တိုင် အသုံးပြုတဲ့ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်အကောင့်များကို Follow လုပ်ထားပါလို့ ဆိုပါတယ်။

Source : 7day Daily

Photo  : ထွန်းထွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video