AD
AD
AD

ဖေ့စ်ဘွတ်ပေါ်မှာ ဆယ်လီတွေရဲ့ နာမည်တွေနဲ့ အကောင့်တုတွေ ဖွင့်ပြီး လိမ်လည်နေကြတာတွေ များပြားနေပြီး သရုပ်ဆောင် နန္ဒာလှိုင်မှာလည်း သူမနာမည်ကို အလွဲသုံးစားလုပ်သူတွေ ပေါများနေတဲ့အတွက် အခုလို ပရိသတ်ကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

သူမအကောင့်ထင်ပြီး မိန်းကလေး ပရိသတ်တချို့ ရင်မဖွင့်ကြဖို့ကိုလည်း သူမက ပြောပြထားပါသေးတယ်။

play
အကောင့်အစစ်ပါ။

 

"ကျွန်မဒီအကောင့်တစ်ခုပဲ သုံးပါတယ်။ တခြား နန္ဒာလှိုင် Nandar Hlaing မှန်သမျှ ကျွန်မဟုတ်ပါ။ကျွန်မအစစ်လို့ထင်ပြီး မိန်းမချင်းရင်မဖွင့်ကြပါနဲ့ ကိုယ်ကျိုးတွေ နည်းကုန်ကြပါလိမ်မယ်။ ကျွန်မအစစ်ကလည်း အဲ့လောက် အချိန်မရှိပါ။အဲ့လိုတွေလဲ မမေးမပြောပါ" ဆိုပြီးတော့ နန္ဒာလှိုင်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

သူမမဟုတ်တဲ့ အကောင့်တွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ပြီး သူမဟုတ်ကြောင်း ပြောပြထားပါတယ်။

play
ဒါက အကောင့်အတုပါ

 

ပရိသတ်တွေတချို့က နန္ဒာလှိုင်နာမည်နဲ့ အသုံးပြုနေတဲ့ တချို့အကောင့်ရဲ့ Chat Box ကနေ စကားသွားပြောတာတွေ ရှိတာကြောင့် သူမက ယခုလို အသိပေးလိုက်ရခြင်းဖြစ်ပါတယ်။

ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့တဲ့ နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်မှာ တော့ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ကာ သမီးလေး ၃ ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ ဘဝကို တည်ဆောက် နေသူဖြစ်ပါတယ်။

Photo : နန္ဒာလှိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD