မကွေးမြို့က ပရိသတ်တွေနဲ့ စိုင်းစိုင်းတို့ တွေ့ဆုံပွဲကို ဒီနေ့ (ဒီဇင်ဘာ၂၁ရက်) မနက်(၁၀)နာရီကနေ (၁၂)နာရီအထိ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မကွေးမြို့က စိုင်းရဲ့ ပရိသတ်တွေအတွက် အဲ့ဒီအချိန်လေးဟာ ပျော်စရာအချိန်လေးတစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ပရိသတ်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာလည်း စိုင်းစိုင်းကိုယ်တိုင်ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဘာလို့လည်း ဆိုတော့ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး လွန်ခဲ့တဲ့ (၁)နာရီလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာယခုလို စာသားလေးကို ရေးသားထားတာ တွေ့ရပါတယ်။

play

 

"2နာရီကျော်ကြာအောင်

မတ်တပ်ရပ် လက်မှတ်ထိုး ဓာတ်ပုံရိုက်ပြီးတဲ့အခါ

သင့်ဦးခေါင်းက မူးနောက်နေပါလိမ့်မယ်

သင့်မျက်လုံးတွေကျိန်းစပ်နေပါလိမ့်မယ်

သင့်ခြေထောက်တွေညောင်းကိုက်နေပါလိမ့်မယ်

ဒါပေမယ့်

သင့်နှလုံးသားက နွေးထွေးနေပါလိမ့်မယ်" ဆိုပြီး ပြောထားပါတယ်။

play

 

ဒီနေ့မှာပဲ စိုင်းစိုင်းတင်ထားတဲ့ ပို့စ်တွေထဲက နောက်တစ်ခုကတော့ စိုင်းစိုင်းဟာ တက်တူးကို သိပ်ကြိုက်ပေမယ့် နောက်သုံးလေးနှစ်နေလို့ မကြိုက်တော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အကြောင်းပြချက်နဲ့ တက်တူးကို မထိုးပဲ နေခဲ့ပေမယ့် သူ့ကို ချစ်တဲ့ ပရိသတ်တွေတချို့ကတော့ အကြောင်းပြချက်မရှိပဲ တတ်တူးထိုးထားတာတွေ့တော့ ကြွေမိတယ်ဆိုပြီး ပြောထားတာပါ။

play

 

"Tattoo သိပ်ကြိုက်ပေမယ့် နောက်သုံးလေးနှစ်နေလို့ မကြိုက်တော့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ အကြောင်းပြချက်နဲ့ မထိုးဘဲနေနေပေမယ့်

သူတို့ကတော့ တစ်သက်တာအမှတ်တရ ကိုယ့်ပုံ ကိုယ့်နာမည်ကို Tattoo ထိုးတာတွေ့ရင်တော့ ကြွေတာပေါ့လေကွယ်" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ရေးသားထားပါတယ်။

play

 

စိုင်းစိုင်းဟာ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်(Sai Sai Kham Leng) ဟာ ၁၉၇၉ခုနှစ် ဧပရယ်မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပြီး ယခုအချိန်မှာတော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်လို့ နေပါပြီ ။

play

 

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ခုနှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်း များစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video