AD
AD
AD

ဒီဇင်ဘာလ ၂၂ ရက်နေ့က ဒါရိုက်တာ ဝိုင်းနဲ့ သားလေး တူးတူးရဲ့ မွေးနေ့ဖြစ်သလို  ၀ိုင်းရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။

play

 

ဖွေးဖွေးကတော့ ဆရာအရင်းဖြစ်တဲ့ ဝိုင်းရဲ့ အမှတ်တရနေ့လေးကို ဒီဇင်ဘာလ ၂၂ ရက် ရောက်ရောက်ချင်းမှာပဲ ဆုတောင်းပေးလိုက်တာဖြစ်ပြီး ဝိုင်းတို့ရဲ့မင်္ဂလာဆောင်နေ့မှာ အတူတူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဟောင်းလေးကိုလည်း ထည့်ထားပါတယ်။

"Wish You A Very Happy Birthday To My Dearestဆရာကိုဝိုင်း+ သားသားတူးတူး And Congrats also For Happy 1st Anniversary with ဆရာကတော်!!!  22nd December 2017 to foreverrrr.... တူးတူးမိသားစု ကျန်းမာပျော်ရွှင် ပိုပိုအောင်မြင်ပါစေ...လို့ " ဆိုပြီး ဖွေးဖွေးက ရေးသားဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ ဝိုင်းနဲ့ မအိသဉ္ဇာရှိန်တို့ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်မှာတော့ သားဦးလေးဖြစ်တဲ့ တူးတူးကို မွေးဖွားခဲ့ပါတယ်။

play

 

ဒီနေ့က ဖေဖေ ဝိုင်းရဲ့ အသက် ၄၄ နှစ်ပြည့်မွေးနေ့ နဲ့ သားသား တူးတူးရဲ့ တစ်နှစ်ပြည့် မွေးနေ့ဖြစ်သလို ဖေဖေ ဝိုင်းနဲ့ မေမေ အိချိုတို့ရဲ့ ၂ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့လေးဖြစ်ပါတယ်။ ဒါရိုက်တာ ဝိုင်းအတွက် ထူးခြားတဲ့ ဒီနေ့လေးမှာ သူတို့မိသားစုလေး သာယာချမ်းမြေ့ပါစေလို့ အားလုံးပဲ ဆုတောင်းပေးလိုက်ကြရအောင်နော်။

Photos : ၀ိုင်း နဲ့ ဖွေးဖွေး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD