ဒါရိုက်တာ စင်ရော်မောင်မောင်က ထာဝရအမေ ပြီးရင် ထာဝရအဖေကို ဆက်လက်ရိုက်ကူးမှာ ဖြစ်ပြီး ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အကြံပြုစာတွေ ပေးပို့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

play

 

"`ထာဝရ အ​မေ´ ပြီးရင်​ `ထာဝရအ​ဖေ´ ဆက်​လက်​ ရိုက်​ကူးဖို့ ကျွန်​​တော်​ စီစဉ်​ပါ့မည်​။ချစ်​စွာ​သော ပရိသတ်​များ ၊ မိတ်​​ဆွေများ၊ အ​ပေါင်းအသင်းများ၊ ရုပ်​ရှင်​ ချစ်​သူများ အ​နေဖြင့်​ လိုအပ်​​သည့်​ အကြုံပြုချက်​များ၊ အကြုံချက်​များ ဇာတ်​လမ်းများ၊အ​တွေ့အကြုံများကို ၊ကျွန်​​တော့်​ရဲ့ Facebook messenger မှ​သော်​လည်း​ကောင်း၊ ရုံးလိပ်​စာသို့ လည်း​ကောင်း အကြုံပြု ​ပေးပို့ နိုင်​ပါသည်​။

အမှတ်​ (6/A) ​မြေနီကုန်းပလာဇာ၊ ဗားဂရာလမ်း

စမ်း​ချောင်း​မြို့နယ်​။

Email .zinyaw.mgmg@gmail.com

FAX -01525716

ချစ်​ခင်​စွာဖြင့်

စင်​​ရော်​​မောင်​​မောင်" လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တဲ့ ထာဝရအမေဇာတ်ကားကြီးဟာ ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်းရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။

အဲဒီဇာတ်ကားမှာ နေတိုး၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး မိခင်ရဲ့မေတ္တာကို ဖော်ကျူးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ပရိသတ်က အသိအမှတ်ပြုထားပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်ကတော့ ဒီဇာတ်ကားပြီးရင် ဖခင်မေတ္တာကို ဖော်ကျူးတဲ့ ဇာတ်ကားကိုလည်း ဆက်လက်ရိုက်ကူးဖို့ စီစဉ်ထားတယ်ဆိုတော့ ဖခင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံကောင်းလေးတွေရှိရင် ဒါရိုက်တာကြီးဆီကို ဆက်သွယ်ပြီး ပြောပြဖို့ အကြံပြုလိုက်ပါတယ်နော်။

Photos : စင်ရော်မောင်မောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video