ဒီနေ့ (ဒီဇင်ဘာလ ၂၂ ရက်) မှာ ဝိုင်းစုက သူမရဲ့အနုပညာအစ်မတစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းရဲ့ အမှတ်တရစကားသံတွေနဲ့ အားပေးစကားလေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတာကို တွေ့ရပါတယ်။

play

 

အဲဒီထဲမှာ ဖြူဖြူက ဝိုင်းစုကို ချစ်ရတဲ့အကြောင်းလေးကို အမှတ်တရဖြစ်ရပ်လေးတစ်ခုနဲ့ ပြောပြထားပါတယ်။

"ဖြူဖြူနဲ့ ဝိုင်းစု ကြားက အမှတ်တရဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ပေါ့။ ၂၀၀၆ ခုနှစ်၊ ဖြူဖြူရဲ့ပထမဆုံး One Lady Show...Birthday Show ပေါ့နော်။ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်ခဲ့တဲ့ ပွဲတုန်းက အဖြစ်အပျက်လေးကို အောက်မေ့ပြီး ပြောပြချင်တယ်။ အဲဒီပွဲမစခင် ၃ နာရီလောက်အလို ဖြူဖြူ အိမ်ကနေ အဲဒီပွဲကို မသွားခင် ဝိုင်းစုနဲ့ အန်တီမေနဲ့က ဖြူဖြူ့အိမ်အထိ ရောက်လာကြတယ်။ အမှတ်တရ မွေးနေ့လက်ဆောင်လေးပေးတယ်။ အဲဒါဘာလေးလဲဆိုတော့ အရမ်းလှတဲ့ နားဆွဲအကြီးကြီး။ ဖြူဖြူအရမ်းကြိုက်လို့ အခုထိ သိမ်းထားသေးတယ်" လို့ ဖြူဖြူက ဆိုထားပါတယ်။

play

 

ဒါ့အပြင် ဝိုင်းစုမှာ အသက်ဝင်တဲ့ အသံရှိတယ်။ ခံစားချက်နဲ့ သီချင်းကို ဆိုတတ်တယ်။ ဆိုနိုင်တဲ့အတိုင်းအတာအတွင်းမှာ အရိုးသားဆုံးနဲ့ အကောင်းဆုံး သီချင်းတွေကို ဖန်တီးသီဆိုတယ်။ ဘယ်တော့မှ ပြီးစလွယ်ပြစ်စလတ်ခတ်မလုပ်တတ်ဘူးဆိုတာ သူ့အခွေတိုင်းမှာ တွေ့ရတယ်လို့လည်း ဖြူဖြူက ချီးမွမ်းထားပါသေးတယ်။

"ပေါက်သီချင်းအများဆုံးရှိတဲ့ အဆိုတော်တွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ထွက်သမျှအခွေတိုင်းလည်း လှုပ်ခတ်တယ်" လို့ ဖြူဖြူက ဝိုင်းစုအကြောင်းကို ပြောထားပါတယ်။

play

 

အောင်မြင်မှု အဓွန့်ရှည်ပါစေလို့ ရင်ထဲက မေတ္တာနဲ့ ဆုတောင်းပေးပါတယ်လို့လည်း ဆိုပါသေးတယ်။

ဝိုင်းစုခိုင်သိန်းက ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ Birthday Show ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီရှိုးပွဲကို သွားရောက်အားပေးဖို့ ဖြူဖြူက သူမရဲ့ပရိသတ်တွေရော၊ ဝိုင်းစုရဲ့ပရိသတ်တွေကိုရော ဖိတ်ခေါ်ရင်း ဗီဒီယိုလေးကို အဆုံးသတ်ထားပါတယ်။

Photos : ၀ိုင်းစုခိုင်သိန်း နဲ့ ဖြူဖြူ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video