ဒီဇင်ဘာလ ၂၄ ရက်မှာ ကျရောက်မယ့် ဝိုင်းစုရဲ့ မွေးနေ့နဲ့ Birthday Show ပွဲမတိုင်ခင်မှာ ဝိုင်းစုအတွက် ဆုတောင်းစကားတွေ ဆိုပေးတဲ့ အနုပညာရှင်တွေထဲမှာ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့လည်း ပါဝင်ခဲ့ပါတယ်။ သူတို့တွေ ဝိုင်းစုအပေါ်ထားတဲ့  သဘောထားလေးတွေကိုလည်း သူတို့ဇနီးမောင်နှံက ဖွင့်ဟခဲ့ပါတယ်။

play

 

"ဟိုးအရင်ကတည်းက အူဝဲတို့ အတူတူ ရုပ်ရှင်တွေ ရိုက်ခဲ့ကြတယ်။ ဗီဒီယိုတွေ ရိုက်ခဲ့ကြတယ်ပေါ့နော်။ အဲဒီကတည်းက အရမ်းချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်လို့ ပြောလို့ရပါတယ်။ နောက် စီးရီးတွေ ထုတ်တဲ့အခါကျတော့လည်း သူ့ရဲ့စီးရီးတွေ အရမ်းကြိုက်တယ်။ သူ့ရဲ့အသံလေးကို အရမ်းကြိုက်တယ်။ သူ့ရဲ့အသံလေးက တကယ့် ကရုဏာအသံလေးလို့ ပြောလို့ရတယ်။ အူဝဲတင်မဟုတ်ဘူး သမီးလေး သုသုဆိုလည်း အရမ်းကြိုက်တယ်" လို့ အိန္ဒြာကျော်ဇင်က ပြောခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်နဲ့အတူ သူမရဲ့ခင်ပွန်း ပြေတီဦးကလည်း ဝိုင်းစုနဲ့ အနုပညာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားပါတယ်။

play

 

"သူ့အခွေတွေ ထွက်တဲ့အချိန်မှာ ကျွန်တော်တို့ကိုယ်တိုင် အရမ်းကို ကြိုက်နှစ်သက်ခဲ့တယ်။ သူ့ရဲ့ သီချင်းတွေဆိုရင် အကြိမ်ပေါင်းများစွာ နားထောင်ဖြစ်ခဲ့တယ်" လို့ ပြေတီဦးက ဆိုရင်း ဝိုင်းစုရဲ့ Birthday Show အောင်မြင်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းဟာ သူမရဲ့ Birthday Show အတွက် အဘက်ဘက်ကနေ အကောင်းဆုံး ပြင်ဆင်မှုတွေလုပ်နေပြီး အခုလို အနုပညာရှင်တွေရဲ့ ဆုတောင်းစကားသံလေးတွေကိုလည်း သူမရဲ့ဖေ့စ်ဘွတ်ပေ့ခ်ျမှာ တင်ထားခဲ့ပါတယ်။ ပရိသတ်တွေရဲ့ချစ်ခင်မှုသာမက အနုပညာရှင်မောင်နှမတွေရဲ့ ချစ်ခင်မှုကိုပါရထားတဲ့ ဝိုင်းစုကို ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဖြူဖြူကျော်သိန်း၊ ဇေယျာစတဲ့ အနုပညာရှင်တွေက ဆုတောင်းစကားတွေဆိုရင်း သူမရဲ့ Birthday Show ကို လာရောက်ကြည့်ရှုဖို့ ဝိုင်းဝန်းဖိတ်ခေါ်ပေးထားတာ ဖြစ်ပါတယ်။

play

 

ဝိုင်းစုရဲ့ Birthday Show ကို မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၇နာရီမှာ သုဝဏ္ဏဘူမိ ဖျော်ဖြေရေးကွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့မှာ ပြုလုပ်တာဖြစ်တဲ့အတွက် Show မှာ ပရိသတ်တွေနဲ့အတူ မွေးနေ့ကိတ်လည်း ခွဲမယ်လို့ ဝိုင်းစုက ဆိုထားပါတယ်။

Photos : ၀ိုင်းစုနဲ့ အူဝဲ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video