အကယ်ဒမီ ၇ ဆုရှင် ဦးညွန့်ဝင်းဟာ SSC ဆေးရုံမှာ တက်ရောက်ကုသခံနေရတယ်လို့သိရပါတယ်။

 

"အကယ်ဒမီ ၇ ဆုရှင်ဦညွန့်ဝင်းသည်မိမိအိမ်တွင်ချော်လဲသဖြင့်SSC တွင်တက်ရောက်ကုသနေရကြောင်းသိရသည်" လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက လွန်ခဲ့တဲ့ တစ်နာရီခန့်က သူ့ရဲ့ဖေ့စ်ဘွတ်မှာ တင်ထားတာကို တွေ့ရပါတယ်။

play

 

နာမည်ကျော် အနုပညာရှင်ဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဦးညွန့်ဝင်းတစ်ယောက် အခုလိုဖြစ်တာကို ကြားရသူ အားလုံးကလည်း စိတ်မကောင်း ဖြစ်နေကြပြီး အမြန်ဆုံးကျန်းမာစေဖို့ ဆုတောင်းပေးနေကြပါတယ်။

play

 

ငယ်စဉ်က ခေါင်းဆောင်မင်းသားအဖြစ် ရုပ်ရှင်ကားအတော်များများမှာ ပါဝင်ခဲ့တဲ့ ဦးညွန့်ဝင်းဟာ သူ့ခေတ်သူ့အခါက ပျိုမေတွေအသည်းစွဲ မင်းသားတစ်လက် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ရင်း မြန်မာနိုင်ငံရဲ့ အကယ်ဒမီအများဆုံး ပိုင်ဆိုင်သူ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးညွန့်ဝင်းတို့မိသားစုဟာ မျိုးရိုးစဉ်ဆက် အနုပညာလောကမှာ ဂုဏ်ရှိန်မြင့်မားစွာ ရပ်တည်လာကြသူဖြစ်ပါတယ်။

play

 

ဖခင်ဖြစ်သူကလည်း တစ်ချိန်က သဘင်လောကမှာ သျှမ်းသျှမ်းတောက်အောင်မြင်ခဲပြီး အခုထိ လူတိုင်း လေးစားရတဲ့ ပုဂ္ဂိုလ်ကြီး ရွှေမန်း ဦးတင်မောင်ဖြစ်သလို  ဦးညွန့်ဝင်းရဲ့တူ ကျော်ကျော်ဗိုလ်ဟာလည်း သရုပ်ဆောင်လောကမှာ နာမည်ရနေသူဖြစ်ပါတယ်။

ဦးညွန့်ဝင်းတစ်ယောက် ကျန်းကျန်းမာမာရှိစေဖို့ Duwun Media ကလည်း ဆုတောင်းပေးနေသလို ပရိသတ်ကြီးကလည်း ဆုတောင်းပေးကြပါဦးနော်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video