သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ဒီဇင်ဘာလ ၂၂ ရက်နေ့က သာသနာ့ဘောင်ကို ဝတ်လိုက်တယ်လို့ သိရပါတယ်။

play

 

ထက်ထက်မိုးဦးဟာ သီလရှင်ဝတ်နဲ့ သံဃာတော်တွေကို ၀တ္ထုငွေ ဆက်ကပ်လှူဒါန်းနေပုံ Myo Myo Taungyi ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီ ၅၀ က Live လွှင့် ပြသခဲ့တာဖြစ်ပါတယ်။

ဆရာလေး နန္ဒမာလာ ဆိုတဲ့ ဘွဲ့အမည်ကို ခံယူထားကြောင်းလည်း ယင်းအကောင့်ပိုင်ရှင်က ဆိုထားပါတယ်။

play

 

"ရုပ်နာမ်အနိစ္စတဲ့ တသက်လုံးလူတွေ အပေါ်ပေးဆပ်ခဲ့ရပီးပြီတဲ့ သူ့အတွက်သူ့မသေခင်မှာရှာဖွေရအုံးမယ်တဲ့လေ။ ဝဋ်ကြွေးတွေကြေပါရစေဆိုပြီး သီလရှင်ဝတ်သွားတဲ့ မထက်ရေ သာဓုပါ။မထင်မှတ်ပဲရောက်လာပြီး ကိုယ့်အလှူမှာ ချက်ချင်း အလှူခံ သွားတော့ ကိုယ်တောင် အံသြမိပါတယ်။ သူပျော်သလောက်သာ့သနာ့ဘောင်မှာ နေတော့မယ်တဲ့လေ" လို့ Myo Myo Taungyi က ရေးသားထားတာကို တွေ့ရပါတယ်။

ထက်ထက်မိုးဦးဟာ အနုပညာအလုပ်တွေကို ရပ်နားထားရာကနေ ယခုနှစ်အတွင်းမှာ ကြော်ငြာတွေ လက်ခံရိုက်ကူးနေခဲ့တာပါ။ သူမဟာ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေကို အသုံးပြုသူမဟုတ်တဲ့အတွက် သူမရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာကနေ အသိပေးလေ့မရှိပါဘူး။

Source & Photos : Myo Myo Taungyi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video