ရွှေမှုံရတီက သူမရဲ့ လက်ရှိခံစားချက်လေးတစ်ခုကို ဝေမျှထားတာ ဖြစ်ပါတယ်။

play

 

"ဆုံးဖြတ်ချက်တစ်ခုချ ရင် မှန်မှန်မှားမှား လက်ခံရဲပြီး

မပြင်တတ်တဲ့ ခေါင်းမာတဲ့ကျွန်မ

ဆုံးဖြတ်ချက်တစ်ခုချရင် အကောင်းဆုံးနဲ့အမှန်ဆုံး ဆုးံဖြတ်ပြီး မပြင်တတ်တဲ့ ခေါင်းမာတဲ့သူ

ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်တွေ့ရင် ဆုံးဖြတ်တွေဝေ ဝါးသွားကျ တယ်

ဘာကြောင့်လဲ တစ်ယောက်နဲ့ တစ်ယောက် ပြုံးရင်းနဲ့မေးမိကျ တယ်

တူညီတဲ့အဖြေက ..........." လို့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ သူမရဲ့ဖေ့စ်ဘွတ်ကနေ ပြောထားတာပါ။

ရွှေမှုံပြောတဲ့ သူဆိုတာ ဘယ်သူလဲလို့ မေးစရာမလိုလောက်အောင် အားလုံးသိထားပြီးဖြစ်မှာပါ။ ဒီစာလေးကို ဖတ်ကြည့်ရင်လည်း သူတို့နှစ်ယောက် တစ်ယောက်အပေါ် တစ်ယောက် ဘယ်လောက်အထိ ငြိတွယ်နေပြီလဲဆိုတာ သိသာလှပါတယ်။

play

 

သူမရဲ့ခံစားချက်ကလည်း Feeling Amazing ဖြစ်နေတယ်ဆိုတော့ ဒီစာလေးတင်ချိန်မှာ ရွှေမှုံဟာ ပျော်ရွှင်နေပုံပါ။

ရွှေမှုံရတီက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ပြီး သူမရဲ့ချစ်သူကို ပရိသတ်ကို ပြသခဲ့ကာ မတ်လ ၂၇ ရက်နေ့မှာတော့ Live လွှင့်ကာ မောင်လို့ သူမ အမြတ်တနိုးခေါ်တဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

ရွှေမှုံဟာ ချစ်သူနဲ့ တွဲလျက်ပုံတွေ တင်လေ့မရှိပေမဲ့ မကြာခဏဆိုသလို သူမရဲ့အချစ်ရေးခံစားချက်လေးတွေကို ဖေ့စ်ဘွတ်ကနေ ပရိသတ်ကို ဝေမျှလေ့ရှိပါတယ်။

play

 

ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် လွန်ခဲ့တဲ့ ၆ နှစ်က အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးပေမဲ့ အောင်မြင်နေပြီဖြစ်တဲ့ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

Photos : ရွှေမှုံရတီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video