အဆိုတော် ဖြူဖြူကျော်သိန်းက အင်တာဗျူးတစ်ခုမှာ အမှတ်တမဲ့ မှားယွင်းဖြေကြားခဲ့မှုတစ်ခုအပေါ် ခွင့်လွှတ်နားလည်ပေးဖို့ အားလုံးကို တောင်းပန်လိုက်တာဖြစ်ပါတယ်။

play

 

ဖြူဖြူ မှားယွင်းသွားတာကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသားအရေအတွက်ကို မှားဖြေခဲ့မိတာပါ။

"တကယ်တော့မြန်မာပြည်မှာတရားဝင်တိုင်းရင်းသား(၁၃၅)မျိုးပဲရှိတယ်ဆိုတာစာထဲမှာသင်ပြီးသားမို့ဖြူဖြူသိပြီးသားပါ။ ဒါပေမယ့် အင်တာဗျူးထဲမှာ(၁၃၈)မျိုးဆိုပြီးအမှုမဲ့အမှတ်မဲ့ဖြေထားမိတာကိုယ်တိုင်ပြန်နားထောင်ကြည့်မိရတော့စိတ်ထဲမကောင်းဖြစ်မိပါတယ်။ ခုလို အလုပ်များပြီး သတိလက်လွတ်ဖြေမိတဲ့အတွက် ချစ်ပရိသတ်အားလုံးနဲ့ မီဒီယာများကို ရိုသေလေးစားစွာ တောင်းပန်ပါတယ်" လို့ ဖြူဖြူက ပြောထားတာပါ။

play

 

သူမမှားယွင်းဖြေကြားခဲ့တာကတော့ Yangon City Christmas Festival အတွက် စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြစ်ပြီး အချိန်အခက်အခဲကြောင့် အခုလို ဖြစ်သွားရတာပါလို့ ဖြူဖြူက ရှင်းပြထားပါတယ်။

"ဖြူဖြူ့ကိုချစ်ခင်စိတ်နဲ့ခွင့်လွှတ်နားလည်လက်ခံပေးမယ်လို့လည်းယုံကြည်ပါတယ်။ နောက်ကိုလည်းဒီလိုအမှားမျိုးထပ်မဖြစ်အောင်ဖြူဖြူ့ဘက်ကပိုပြီးဂရုစိုက်ပါ့မယ်ရှင့်" လို့လည်း သူမ ပြောထားပါသေးတယ်။

ဖြူဖြူဟာ သူမရဲ့မှားယွင်းမှုကို သိသိချင်းဘဲ ဒီဇင်ဘာလ ၂၄ ရက်ည ၁၁ နာရီအချိန်မှာ အခုလို သူမရဲ့ဖေ့စ်ဘွတ်ပေ့ခ်ျကနေ တရားဝင်တောင်းပန်လိုက်တာဖြစ်ပါတယ်။

ပရိသတ်အားလုံးကလည်း အမှားကို အခုလို ရိုးရိုးသားသား ဝန်ခံရဲတဲ့ ဖြူဖြူ့ရဲ့သတ္တိကို ချီးကျူးနေကြပြီး ပိုလို့တောင် အချစ်တိုးသွားကြပါတယ်။

play

 

ဂီတသက်တမ်း ၁၄ နှစ်ရှိပြီဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ ကိုယ်တိုင်ကလည်း သီချင်းတွေဖန်တီးနေသလို သီချင်းဆိုပြိုင်ပွဲတွေမှာ လည်း ဒိုင်တစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဖြူဖြူကျော်သိန်းဟာ ဂီတလောကမှာ အသံပါဝါ ကောင်းကောင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ အဆိုတော် တစ်ဦး လည်း ဖြစ်သလို လုံးဝမသက်ဆိုင်တော့ပါ၊ ချစ်သူ့အမုန်းကျိန်စာနဲ့ မိန်းကလေး တစ်ယောက်အသည်းကွဲနေသည်၊ စတဲ့ တစ်ကိုယ်တော် ခွေတွေအပါအဝင်အယ်လ်ဘမ် ခြောက်ခွေ ထွက်ရှိထားသူလည်း ဖြစ်ပါတယ်။

Photos : ဖြူဖြူကျော်သိန်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video