အဆိုတော် မိုးမိုးတစ်ယောက်တော့ ခရစ္စမတ်နေ့ မနက်စောစောမှာ အိမ်ကို သူခိုးဝင်တာနဲ့ ကြုံတွေ့လိုက်ရပါတယ်။ ဖြစ်ပျက်သမျှ အကြောင်းစုံကိုမိုးမိုးက အခုလို သူ့ရဲ့ဖေ့စ်ဘွတ်ကနေ ပြောပြခဲ့ပါတယ်။

play
သူခိုးတက်လာတဲ့ ဘေးအုတ်တံတိုင်း

 

"မနက်​ ၄:၃၀ နဲ့ ၅:၀၀ ကြား

ကျွန်​​တော့်​အိမ်​ သူခိုးဝင်​ပါတယ်

အိမ်​​အောက်​ထပ်​က ဝင်​လို့မရတဲ့အတွက်

အိမ်​အ​ပေါ်ထပ်​ ​ခေါင်းရင်းပြတင်း​ပေါက်​က​နေ

မရမက ဝင်​လာတာပါ

(ဝင်​လာပုံ ကို ပုံနဲ့ caption တွဲပြထားပါတယ်​)

play
အဲကွန်းကွန်ပရက်ဇာပေါ် ထပ်တက်တယ်

 

သူခိုးက ဝင်​လာပြီး အိပ်​​နေတဲ့ အ​သေး​လေး(​ဒေါ်ဘုမ ​မွေးစားထားတဲ့ ကိုးတန်း​ကျောင်းသူက​လေး)ကို

နှိုးသတဲ့ဗျ

လည်​ပင်းကို ဓားနဲ့​ထောက်​တယ်​ ပြီး​တော့

"ငါ ပိုက်​ဆံလို​နေလို့ ပိုက်​ဆံ​တွေဘယ်​မှာထားသလဲ"

လို့ ​မေးသတဲ့ ခ​လေးမ​လေးကလဲ သူမသိ​ကြောင်း

ပြောတာ​ပေါ့

အဲဒါကို ကျကျနန တင်​ပလ္လင်​​ခွေထိုင်​ပြီး မျက်​နှာချင်းဆိုင်

၅ မိနစ်​​လောက်​ ဓားနဲ့​ထောက်​ ​မေး​နေသတဲ့

အ​သေး​လေးကလဲ တင်​ပလ္လင်​​ခွေထိုင်​လျှက်

က​နေ ​ခြေ​ထောက်​ဆင်းသလိုလိုနဲ့

ဘေးကကာထားတဲ့ အလူမီနီယံ နံရံကို

ကန်​ထည့်​လိုက်​ချိန်​ အသံထွက်​သွား​တော့

ဟိုအ​ကောင်​ သတိနည်းနည်းလွတ်​သွားပုံရတယ်

play
သူခိုး ဝင်ထွက်သွားတဲ့ တံခါးပေါက် သေးသေးလေး

ဒါနဲ့ ​အ​သေး​လေးက သူ့ကို တွန်းထည့်ုပြီး

"​ဟော ဒမှာ လူဝင်​​နေလို့.."ထ​အော်​​ရော

ကိုယ်​​တွေလဲ နိုးလာပြီး အခန်းထဲက​ပြေးထွက်​လာချိန်

ကို​ရွှေသူခိုးများ လျင်​ချက်​ဗျိုး

ပြတင်း​ပေါက်​က​နေအမြန်​ထွက်​ ခုန်​ချ​ပြေးပုံများ

ကိုယ်​လဲ ပြတင်း​ပေါက်​က​ခေါင်းပြူကြည့်​ချိန်

သ​ကောင့်​သားက လမ်းထိပ်​​တောင်​​ရောက်​​နေပြီ

အ​သေး​လေး ဥာဏ်​​ကောင်းလို့သာ​ပေါ့

နော့မို့ဆို သူအတွက်​က သိပ်​အန္တရာယ်​ကြီးတယ်

ဘာပစ္စည်းမှ ပါမသွား​သော်​ငြား ​နောက်​တခါဆိုတာ

ဖြစ်​မလာနိုင်​ဘူးလို့ ​ဘယ်​သူ​ပြောနိုင်​မလဲ

play
ဒီတံခါးလော့ခ်လေး ချမထားမိခြင်းရဲ့ ရလဒ်ပေါ့

 

ဒါနဲ့ ရဲစခန်းတိုင်​စရာရှိတာတိုင်

ရပ်​ကွက်​ရုံး အ​ကြောင်းကြား​တော့ လုပ်​လိုက်​တယ်

ကျန်​တာက​တော့ ကိုယ့်​ဘာသာလုပ်​ရမှာ​ပေါ့​လေ

ရှိရှိသမျှ ပြတင်း​ပေါက်​​တွေ သံပန်း​တွေတပ်​ဖို့

ချက်​ချင်း စီစဉ်​လိုက်​ရတယ်​..လုံခြုံဖို့ အဓိကမို့လား

၂၀၁၇ ရဲ့ အမှတ်​တရ ခရစ်​စမတ်​​ပေါ့​လေ" လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားပြီး တင်ထားတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်နဲ့အတူ သူခိုးဝင်လာတဲ့ လမ်းကိုလည်း အစအဆုံးကို ပုံတွေနဲ့တကွ ဖော်ပြပေးထားပါတယ်။

တကယ်ထိပ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ။

play

 

အဆိုတော် မိုးမိုးဟာ ပရိသတ်ရဲ့အားပေးမှုကို ရရှိထားပြီးဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားအချို့မှာလည်း

သူ့ရဲ့သရုပ်ဆောင် အရည်အသွေးကို ပြသထားခဲ့ဖူးပြီး ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

Photos : Moe Moe FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video