ထွန်းအိန္ဒြာဗိုလ်တစ်ယောက် အနာစိမ်းလေးကိုက်လို့ ဆေးရုံလာပြတာ တစ်ခါထဲ ဆေးရုံပါ တက်လိုက်ရတယ်လို့ သိရပါတယ်။ တစ်ခါထဲ ခွဲစိတ်မှု လုပ်ရမယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

စိုးရိမ်စရာမရှိပေမယ့် ဒီရက်ပိုင်းအတွင်းမှာ တွေ့ဖို့ ချိန်းထားတဲ့ မိတ်ဆွေများ သူငယ်ချင်းများကို အားနာပြီး တောင်းပန်ထားပါသေးတယ်။

play

 

"အနာစိမ်း လေး ကိုက်လို့ ဆေးရုံလာပြတာ .. တခါထဲ operation လုပ်ဖို့လိုလို့ ဆေးရုံ တက်လိုက်ရပါပြီ...

စိုးရိမ်စရာ မရှိပေမယ့် ..

ဒီည နဲ့ ဒီရက်ပိုင်းတွေမှာ.. တွေ့ဖို့ ချိန်းထားတဲ့ မိတ်ဆွေများ သူငယ်ချင်းများကို အလွန် အားနာပါတယ် ...

SORRY ပါရှင် ." ဆိုပြီးသူမရဲ့ ဖေ့စ်ဘွတ်မှာ ပြီးတဲ့ခဲ့ နာရီပိုင်းလောက်က တင်ထားပါတယ်။

သူမရဲ့ ပရိသတ်တွေ အနုပညာညီအစ်ကို မောင်နှမတွေက ကျန်းမာရေး ဂရုစိုက်ဖို့ကိုလည်း ပြောထားကြပါတယ်။

play

 

ထွန်းအိန္ဒြာဗိုဟာ သရုပ်ဆောင်လောကမှာ အောင်မြင်ရုံသာမက အဆိုတော်အဖြစ်လည်း အောင်မြင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ကြေစားနှလုံးသားဆိုတဲ့ ဗီဒီယိုကားနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ မင်းအတွက်ပဲဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ထုတ်ခဲ့ပါတယ်။

play

 

သူမဟာ နှောင်းတမြေ့မြေ့၊ အမေ့နို့ဘိုး၊ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ စတဲ့ ရုပ်ရှင်ကားတွေနဲ့ အကယ်ဒမီဆုကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

အကယ်ဒမီ ၃ ဆုရှင် ထွန်းအိန္ဒြာဗိုဟာ ခင်ပွန်းဖြစ်သူ ဦးအောင်မင်းထွန်း၊ သား အောင်ဗိုလ်ကောင်းသန့်တို့နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

Photos : ထွန်းအိန္ဒြာဗို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video