AD
AD
AD

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ Gay လို့အထင်ခံရပြီး ယောက်ျားအချင်းချင်း ကျူတာကို ခံနေရပါတယ်။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ ပရိသတ်ကနေ ပရိသတ်တွေကို ပြောပြထားတာ တွေ့ရပါတယ်။

အလုပ်ကိစ္စနဲ့တစ်ခုနဲ့ ဖုန်းပြောနေရင်းက မလိုအပ်တာတွေ ပြောလာသလို Sex ကိစ္စဘက်ကို ဦးတည်ပြီး အပြောခံလိုက်ရတာဖြစ်ပါတယ်။

play

 

ဒါပေမယ့် သူ့ဘက်က ယဉ်ယဉ်ကျေးကျေးနဲ့ ပြန်ပြောပေမယ့် လုံးဝမရတဲ့အဆုံးမှာတော့ ဒေါသထွက်ပြီး ခပ်ရိုင်းရိုင်းပြောကာ ဖုန်းချလိုက်ရ တယ်လို့ ရေးသားထားပါတယ်။

play

 

"အခုခဏကဘဲ ဖုန်းလာတယ် အစောကြီး ကိုယ်လည်း အိပ်ချင်မူးတူးနဲ့

Hello ပေါ့! ညီလေး ပိုင်တံခွန်လားတဲ့ men skin care product ကြော်ငြာရိုက်ဖို့ ဘာညာပြောတော့ အော်အလုပ်ကိစ္စ ဆိုတော့ ကိုယ်လည်း အလေးထားပြီး ပြန်ပြောပေးတယ် ရက်ချိန်းတွေ ပြန်ကြည့်ပြီးအားမဲ့ရက်ပေးနေတယ် ။ ကျွန်တော် သာမန် အလုပ်လုပ်နေကြလူဆို ဖုန်းပြောရင်၂ မိနစ်ထက်ပိုမကြာဘူး ။

အလုပ် ကိစ္စပြောရင်း မလိုအပ်တာတွေ အလုပ်ထဲမှာရောပြီး နွဲ့တဲ့တဲ့ပြောနေတော့ ဖုန်းချခွင့်တောင်းရမှာလည်း အားနာ။ သိပ်မကြာဘူး ယောက်ျားအချင်းချင်း sex ကိစ္စဘက်ကိုဦးတည်လာတယ်။ ကျွန်တော်တို့ အနုပညာသမားတွေက ဘယ်နေရာမှအပြောမလွတ်ဘူး စကားပြောမာရင်လည်းရိုင်းတယ်ဖြစ်အုန်းမယ် ။

အရှောင်အတိမ်းကလည်း ကျွမ်းရသေး။ အယဉ်းကျေးဆုံးပြန်ပြောတယ် bratha လို့ ကျနော်မှာ Gay သူငယ်ချင်း အခြောက် သူငယ်ချင်းတွေ အများကြီး ရှိတယ် ဒါပေမယ့် ကျနော် Gay လည်းမဟုတ်ဘူး အခြောက်လည်းမဟုတ်ဘူး မိန်းမကိုဘဲကြိုက်တဲ့ one way ယောက်ျားစစ်စစ်ပါ ပွင့်လည်း မပွင့်ဘူး ပုန်း လည်းပုန်းမနေဘူး ဖုန်းချခွင့်ပြုပါ ဆိုပြီး ချဖို့အလုပ် နေအုန်းနေအုန်း အကိုကစနေတာတဲ့ ကြောငြာအတွက်စရံငွေကို ဘယ်လိုပို့ပေးရမလဲဆိုတော့

ကျွန်တော်မရိုက်တော့ဘူး တခြား model ကိုခေါ်လိုက်ပါခင်မျာလို့ပြောတော့ ညီလေးအတွေးမမှားနဲ့နော်တဲ့ ယောက်ျားချင်းနေတာ မိန်းမနဲ့ နေတာထက် ပိုကောင်းတယ် စမ်းနေကြည့်ပါလားဆိုပြီးထပ်ပြောတော့ သည်းခံစိတ် မထိန်းနိုင်တော့ပဲ ခပ်ရိုင်းရိုင်း ပြန်ပြောပြီး ဖုန်းချလိုက်တယ်။

လူတွေက စောက်ချိုးမပြေဘူး ဆဲရင်လည်းဆဲတယ်ဖြစ်အုန်းမယ် facebook ပေါ်မှာမြင်ပါစေ ပြောပါစေ စိတ်ကြိုက် gay မကလို့ ဘာမြင်မြင် ကိုရွှေထူးပြောသလို အပြင်မှာ ကိုယ့်အသားတော့လာမထိနဲ့" ဆိုပြီးတော့ လွန်ခဲ့တဲ့ တစ်နာရီလောက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

သူတို့ အနုပညာသမားဘဝက နေ့စဉ်နဲ့အမျှ ရှုထောင့်ပေါင်းစုံက ဝင်လာတဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရတယ်ဆိုပြီးတော့လည်း ပြောထားပါတယ်။  ပိုင်တံခွန်ရဲ့ သူငယ်ချင်းတွေ တော်တော်များများကတော့ သူရေးထားတဲ့ ပို့စ်အောက်မှာ ရည်းစားတွေ အများကြီးထားတတောင် Gay လို့ အပြောခံရတယ်ဆိုပြီး စနောက်တဲ့  ကောမန့်လေးတွေ ရေးထားကြပါသေးတယ။်

Photo : ပိုင်တံခွန် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD