AD
AD
AD

၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေ ဖြစ်သွားကြတဲ့ အနုပညာရှင်တွေရှိသလို ချစ်သူတွေ ဖြစ်ကြောင်းတရားဝင် ကြေညာလိုက်တဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။

သူတို့တွေက ဘယ်သူတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။

play

 

အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း

အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ဒီနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးတွဲနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဒီနှစ်ထဲမှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ငယ်ရည်စားတွေ ဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ကြပြီးနောက် ပြန်တွဲခဲ့ကြတာပါ။

ဝိုင်းစုခိုင်သိန်းဟာ  ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ ဥက္ကာမြင့်ကြူနဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၆ခုနှစ် စက်တင်ဘာ (၃၀)ရက်နေ့က နှစ်ဦးသဘောတူ လူကြီးများ ရှေ့မှောက်မှာ ကွာရှင်းခဲ့ကြတာ ဖြစ်ပြီး အောင်လကတော့ အောက်တိုဘာ ၂၂ ရက်နေ့ နေ့လည်(၁)နာရီ (၃၅)မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ကွာရှင်းပြတ်စဲလိုက်ပြီဆိုတဲ့ စာကြောင်း တစ်ကြောင်းကို တင်လိုက်တာပါ။

အခုဆိုရင် အောင်လနဲ့ ဝိုင်းစုတို့နှစ်ယောက်ဟာ အနုပညာအလုပ်တွေကို နှစ်ယောက်တွဲ လုပ်လာတာကိုလည်း တွေ့ရပါတယ်။

play

 

ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ

လူငယ်အဆိုတော် ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ နှစ်ဦးကတော့ လူငယ်အနုပညာရှင် နှစ်ဦးဖြစ်ပါတယ်။ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးက ၂၀၁၇ ခုနှစ်သင်္ကြန်အပြီးမှာ ချစ်သူတွေ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လို့ လာခဲ့ပါတယ်။

ပထမဆုံး ပိုင်းမှာတော့ သူတို့နှစ်ဦးတွဲနေကြတာနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ တော်တော်များများမှာ ငြင်းခဲ့ကြပေမယ့် နောက်ပိုင်းမှာ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ကြပါတယ်။

ရဲရင့်အောင်ဟာ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူးသလို သဉ္ဇာနွယ်ဝင်း မင်္ဂလာမဆောင်ခင်မှာလည်း "ဒီလောက်နဲ့ပဲ ကြေနပ်ပါတယ်" ဆိုတဲ့ သီချင်းကို အွန်လိုင်းမှာ ဖြန့်ခဲ့ပါတယ်။ အွန်လိုင်းပေါ် ဖြန့်ပြီး နာရီပိုင်းမှာ အဲ့ဒီသီချင်းဟာလည်း ပေါက်သွားခဲ့ပါတယ်။

အခုတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာ ချစ်သူတွေအဖြစ် တရားဝင်တွဲနေကြပြီးတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ အချစ်ကြိုးတွေ ပိုမိုခိုင်မြဲလို့လာခဲ့ပါပြီ။ အခုဆိုရင်တော့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

play

 

သူရိယ နဲ့ ဆုအိမ့်စံ

သူတို့နှစ်ဦးစလုံးကတော့ သရုပ်ဆောင်တွေချည်းပါပဲ။ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အသိအမှတ်ပြု ခံထားရတဲ့ အနုပညာရှင် နှစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်နေကြောင်းကိုတော့ ဖေ့စ်ဘွတ်ပေ့ခ်ျတစ်ခုကနေ ပြောပြခဲ့ရာက ပရိသတ်များ သိခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ သူတို့နှစ်ဦးဟာ ချစ်သူတွေ ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေကို အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေတာကို ပရိသတ်တွေ တွေ့မြင်ရမှာပါ။ ရည်းစားသက်တမ်းကတော့ (၁၁)လထဲမှာ ရှိနေပြီလို့ သိရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ခဲသလို ရန်ဖြစ်ရင်လည်း မိနစ်ပိုင်းတောင် မကြာပဲ ပြန်ခေါ်တက်တဲ့

သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ပရိသတ်တွေ တွေ့မြင်နိုင်မှာပါ။

play

 

ဒါရိုက်တာ ဏကြီး နဲ့ ပိုင်ဖြိုးသု

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ရဲ့ ချစ်သူသက်တမ်းကတော့ ကြာပြီလို့ သိရပါတယ်။ ဒီနှစ်ထဲမှာမှ ဖေ့စ်ဘွတ်ပေ့ခ်ျ တစ်ခုကနေ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ပြောပြခဲ့လို့ ပရိသတ်တွေ သိသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းနဲ့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ပိုင်ဖြိုးသုက ပြောပြခဲ့တာတွေလည်း ရှိပါတယ်။

ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ကတော့ ချစ်သူသက်တမ်း သုံးနှစ်ကျော်လောက် ရှိလို့နေပါပြီ။ ပရိသတ်တွေကို အသိပေးထားတာကတော့ ဒီနှစ်ထဲမှာပါ။ သူတို့နှစ်ယောက်ကတော့ အနုပညာကို တန်ဖိုးထားတာချင်းတူတယ်လို့လည်း ပိုင်ဖြိုးသုက အင်တာဗျူးတွေ ဖြေဖူးပါတယ်။

play

 

ဖြိုးလေး နဲ့ ဝါဆိုမိုးဦး

Snare အဖွဲ့ဝင်ဖြစ်တဲ့ ဖြိုးလေးနဲ့ သရုပ်ဆောင် အဆိုတော် ဝါဆိုမိုးဦးတို့ စုံတွဲကတော့ တွဲနေတာ (၂)နှစ်ရှိပါပြီ။ သူတို့ရဲ့ အချစ်ရေးအကြောင်းကို ဒီနှစ်ထဲမှာမှ ပရိသတ်တွေကို တရားဝင်အသိပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်း (၂)နှစ်ပြည့်လေးကို ရိုမန့်တစ်ဆန်ဆန်ဖြတ်သန်းခဲ့ပါတယ်။ လူငယ်တွေ ပီပီ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြတဲ့ စုံတွဲလည်း ဖြစ်ပါတယ်။

play

ရွှေမှုံရတီ

ပရိသတ်တွေရဲ့ အချစ်တော် ရွှေမှုံရတီကတော့  သူမရဲ့ ချစ်သူကို ၂၀၁၇ခုနှစ် မတ်လအတွင်းက မိတ်ဆက်ပေးလိုက်တာပါ။ ပရိသတ်တွေနဲ့ Live ပြောရင်း သူမချစ်စနိုးခေါ်တဲ့ မောင် နဲ့ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

ရွှေမှုံက သူမရဲ့ ချစ်သူကို မောင်လို့ ချစ်စနိုးနဲ့ ခေါ်တာကတော ပရိသတ်တွေ အားလုံးသိနေပါပြီ။ ဖေ့စ်ဘွတ်ပေါ် မှာတော့ တစ်ခါမှ ချစ်သူနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ မတင်ဖူးတဲ့ သူမက မတ်လ(၂၅)ရက်နေ့က ချစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြလေ့ ရှိပါတယ်။

play

 

ပတ်ထရစ်ရှာ

သရုပ်ဆောင် ပတ်ထရစ်ရှာရဲ့ ချစ်သူကတော့ နိုင်ငံခြားသား ဖြစ်ပါတယ်။ ချစ်သူရှိတာနဲ့ ပတ်သက်ပြီး ဒီနှစ်ထဲမှာ ပရိသတ်တွေ သိခဲ့ရတာပါ။ သူမရဲ့ ချစ်သူနဲ့ ပုံတွေ အွန်လိုင်းမှာ ပြန့်သွားပြီးနောက်ပိုင်းမှာလည်း လူမျိုးခြားတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်နေတာနဲ့ပတ်သက်ပြီး ဝေဖန်ခြင်းတွေ ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကို သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ မှာ သေချာပြောပြခဲ့ တာကြောင့်ဝေဖန်မှုတွေမရှိတော့သလို သူတို့စုံတွဲလေးကိုလည်း ပိုပြီး ချစ်လာကြတာ တွေ့ရပါတယ်။

ပတ်ထရစ်ရှာရဲ့ ချစ်သူဟာ လူမျိုးခြားတစ်ယောက်ဖြစ်ပေမဲ့ အလွန်ယဉ်ကျေးတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ သိခဲ့ရပါတယ်။

play

 

အမွန်း

သွတ်လပ်တဲ့ ဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တဲ့ အဆိုတော် အမွန်းရဲ့ အချစ်ရေးကိုလည်း ဒီနှစ်ထဲမှာပဲ သိခွင့်ရခဲ့တာပါ။ သူမမှာ ချစ်သူရှိတယ်လို့ သိကြပေမယ့် ဘယ်သူဘယ်ဝါဆိုတာ ပရိသတ်တွေ မသိခဲ့ကြပါတယ်။

သူမရဲ့ အချစ်ရေးကို သိစေခဲ့တာကတော့ သန္တာလှိုင်ရဲ့ မွေးနေ့ပွဲမှာပါ။ သန္တာလှိုင်ရဲ့  မွေးနေ့ပွဲမှာ အမွန်းက သူမရဲ့ ချစ်သူနဲ့အတူ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပုံတွေကို အွန်လိုင်းမှာ မတင်ဘူးပေမယ့် ချစ်သူရှိတယ်ဆိုတာကို အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

အမွန်းတို့စုံတွဲကတော့ ချစ်သူသက်တမ်း(၂)နှစ်ကျော်ပါပြီ။ အမွန်းရဲ့ ချစ်သူဟာ ပြင်သစ်လူမျိုးဖြစ်ပြီး မြန်မာနိုင်ငံမှာ နေတာ ငါးနှစ်ခန့်ရှိပြီလို့ သိရပါတယ်။

ချစ်သူသက်တမ်း (၂)နှစ်ကျော်အတွင်းမှာလည်း အမွန်းတို့ ချစ်သူနှစ်ဦးဟာ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းစရာမလိုအောင် ပျော်ရွှင်စရာ ကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Photo : အနုပညာရှင်များရဲ့ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD