AD
AD
AD

သရုပ်ဆောင် ရွှေပိုးအိမ်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ဝေဖန်တိုက်ခိုက်မှုများကြောင့် စိတ်ဓာတ်ကျပြီး အနုပညာအလုပ်တောင် ဆက်မလုပ်ချင်တော့တဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူကတော့ သူမကို အနုပညာအလုပ်ဆက်မလုပ်စေချင်တော့သလို စီးပွားရေးပဲ လုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါပေမယ့် သူမရဲ့ ဆုံးဖြတ်ချက်ကတော့ ခိုင်မာလွန်းပါတယ်။ ဘယ်လိုပဲ ဝေဖန်တိုက်ခိုက်မှုတွေရှိပါစေ ခံနိုင်ရည်ရှိအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

"တစ်ခါတလေကျရင် တချို့ အရာတွေကပြောပြလို့မရတဲ့ အ ရာတွေအများကြီးရှိတယ်။ ကိုယ့် ဘက်က မှန်တာလည်းရှိတယ်။ မှားတာလည်း ရှိတယ်။ အဲဒီအ ပေါ်မှာ ကိုယ်က ပြဿနာတွေဖြစ် လာတဲ့အခါ ဒီအလုပ်ကို စိတ် ဓာတ်ကျတာမျိုးဖြစ်တယ်။ တစ်ခါတလေကျရင် သာမန်မိန်းမတစ် ယောက်ဆိုရင် စိတ်ခံစားချက်ကို လွတ်လွတ်လပ်လပ်ပြောပိုင်ခွင့် ရှိတယ်။ ထုတ်ဖော်ပိုင်ခွင့်ရှိတယ်။ အနုပညာရှင်တွေ ကျတော့ ဒေါသထွက်ချင်လည်း ဒေါသထွက်ခွင့် မရှိဘူး။

ပရိသတ်က အားပေးပေး၊အားမပေးပေး ကိုယ့်ရဲ့ မိဘလို ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ ဘာပြောပြော ညီမအပြစ်မမြင်ပါ ဘူး။ အမေကတော့ ဒီအလုပ်ကို ဆက်မလုပ်စေချင်တော့ဘူး။ စီး ပွားရေးပဲလုပ်ဖို့ တိုက်တွန်းတယ်။ ဒီအလုပ်က ဘယ်သူပဲလုပ်လုပ် ဝေဖန်မှုတွေရှိတယ်။ အားပေးမှု လည်းရှိတယ်။ ကိုယ်က အဲဒီအ ပေါ်မှာ ခံနိုင်ရည်ရှိအောင် ကြိုး စားရမယ်" ဆိုပြီး သူမက 7day Daily ကို ဖြေဆိုပေးထားပါတယ်။

play

 

ခရီးတွေ ဆက်တိုက်ဆိုသလို သွားဖြစ်နေတဲ့ ရွှေပိုးအိမ်ကတော့ လက်ရှိမှာ  ‘တောပေါက်မြို့ပေါက်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးမှာ စိတ်မနှံ့သူအဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ သူမရဲ့ လက်ရှိ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲတဲ့။

Source : 7day Daily

Photo  : ရွှေပိုးအိမ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD