AD
AD
AD

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်သူသက်တမ်း(၂)နှစ်ကျော်ပြီဖြစ်တဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့စုံတွဲကတော့ ပရိသတ်များရဲ့ အားပေးမှု ရရှိတဲ့ အတွဲလည်း ဖြစ်ပါတယ်။ အချစ်ရေးကလည်း အဆင်ပြေပျော်ရွှင်နေရတယ်တဲ့။

အဆိုတော် ဖြိုးလေးက သူကိုယ်တိုင် နုနုရွရွလေးတွေ သိပ်မကြိုက်ပေမယ့်လည်း ချစ်သူကောင်မလေးအတွက်တော့ လုပ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

play


"တချို့အရာလေးတွေကျ တော့ ကျွန်တော်နဲ့ ညှိယူရတာ ပေါ့။ သူ့ကို သဘောကျတာတော့ အကုန်လုံးပါပဲ။ ပြောရင် ကုန်မှာ မဟုတ်ဘူး။ ကျွန်တော်က ဖိနပ် ကြိုက်တော့ အမှတ်တရနေ့တွေ ဆို သူက မသိအောင် မှာထားပြီး ဖိနပ်လက်ဆောင်ပေးတယ်။ ကျွန်တော်က အမှန်တကယ် Roman-tic မဆန်ဘူး။ ဒါက မနည်းဆန် ထားရတာပါ။ နုနုရွရွတွေ သိပ် မကြိုက်ဘူး။ ဒါပေမဲ့ ကောင်မ လေးတွေကျတော့ ကြိုက်တဲ့အ တွက် သူ့ကိုလည်း လုပ်ပေးဖြစ် တာပါ’လို့ 7day Daily ကို ဖြေဆိုပေးထားပါတယ်။

play


ချစ်သူသက်တမ်း (၂)နှစ်ကျော်ပြီဖြစ်ပေမယ့်လည်း မင်္ဂလာသတင်းအတွက်ကတော့ လိုပါသေးတယ်လို့ ဆိုပါတယ်။ ဖြိုးလေးကတော့ လက်ရှိမှာ Snare အဖွဲ့ရဲ့ တတိယအယ်လ်ဘမ်အတွက် ပြင်ဆင်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း သေချာပေါက် ထွက်ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

play


သီချင်းအခွေနာမည်ကတော့ ပူးတွဲချန်ပီယံလို့ပေးထားပြီး Snare အဖွဲ့ရဲ့ ပုံစံအတိုင်း ဖန်တီးထားပြီး ဘဝနဲ့ အချစ်အကြောင်းများ ပါဝင်ပါတယ်တဲ့။ Featuring အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ G-Fatt၊ အမရာဖုန်း၊ G-Family နဲ့ အောင်သူတို့ပါဝင်တယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ဖြိုးလေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD