အဆိုတော် မနောက သူပွဲဆိုလို့ ရတဲ့ အနုပညာကြေးနဲ့ သီလရှင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းလျက် ရှိတယ်လို့ သိရပါတယ်။ ကျောင်းဆောက်လုပ်မှု လုပ်ငန်းကလည်း အတော်လေးကို ပြီးစီးနေပြီလို့ သိရပါတယ်။

သူဆောက်လုပ်လှူဒါန်းတဲ့ အလှူကုသိုလ်များကိုလည်း တေးချစ်သူအပေါင်းနှင့် မိဘဆရာ သူငယ်ချင်း မိတ်ဆွေအားလုံး သူနဲ့အတူ ထပ်တူရပါစေလို့လည်း ဆုတောင်းမေတ္တာပို့သထားပါသေးတယ်။

play

 

"ပွဲဆိုလို့ရတဲ့ အနုပညာကြေးနဲ့ဆောက်ထားတာဗျို့ အတော်လေးပြီးစီးနေပါကြောင်း ဤကုသိုလ်များအား တေးချစ်သူအပေါင်းနှင့်မိဘဆရာ သူငယ်ချင်း မိတ်ဆွေ အားလုံးကျွန်တော်နှင့်ထပ်တူရပါစေ  ကျန်းမာချမ်းသာလိုရာပြည့်ပါစေ"ဆိုပြီး တောင်းဆုချွေထားပါသေးတယ်။

play

 

မနောရဲ့ သီချင်းတွေဟာ ၂၀၁၆ခုနှစ် သင်္ကြန်ကာလကနေစပြီးတော့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီး နယ်ပရိသတ်များပါက ရန်ကုန်ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းကတော့ ကထိန်ကာလတစ်လျှောက်လုံးသာမက ယခုလက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတာ ဖြစ်ပါတယ်။

Photo : မနောဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video