သရုပ်ဆောင်မြင့်မြတ်တို့ ဇနီးမောင်နှံကတော့ ထိုင်းနိုင်ငံ ဘန်ကောက်သို့ ရောက်ရှိနေပါတယ်။ ဒီဇင်ဘာ (၂၃)ရက်နေ့က ဘန်ကောက်သို့ သွားတာဖြစ်ပြီး ဒီနေ့ (ဒီဇင်ဘာ၂၈) အထိ ဘန်ကောက်မှာပဲ ရှိသေးတယ်လို့ သိရပါတယ်။

play

 

သူတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း မြတ်ဝေထွန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးတွေကို ပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။

play

မြင့်မြတ်(Myint Myat)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး  ဒရာမာကားများနဲ့ ပရိသတ် များ အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို  ဟာသဇာတ်ရုပ်များလည်း ပရိသတ်အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။

play

 

အခု နောက်ပိုင်းလည်း အက်ရှင်ဇာတ် ကားများ နဲ့လည်း ပရိသတ်ရရှိထားပြန်ပါတယ်။ မြင့်မြတ်က တော့ ဖေဖော်ဝါရီ(၁၅)ရက်နေ့က အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး မခင်သူအောင်နဲ့ ချစ်သူသက်တမ်း (၅)နှစ်ကျော် ကာလမှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။

Photo : မြတ်ဝေထွန်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video