AD
AD
AD

သရုပ်ဆောင် သြဘာကတော့ ဂယ်ဘဲသရဲနှင့် သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဟိုရော၊ ဒီရော ဆီရောင်းတဲ့ ဖိုးစည် ဆိုတဲ့ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဖိုးစည် ကာရိုက်တာနဲ့ ပတ်သက်ပြီး အမှတ်တရတွေကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

'' ကျွန်တော်ကတော့ သူငယ်ရွာ တစ်ရွာလုံးမှာ ဆီရောင်းတာပါ ဆီရောင်းတာမှ ဟိုရော ဒီရောနဲ့ အကျင့်ပုတ်တဲ့ ရွာသားတစ်ယောက်ပါ။ ရလဒ်ကောင်းတစ်ခု ရဖို့အတွက် ကျွန်တော့် ကို စိတ်ရှည်သည်းခံပြီးတော့ စီနီယာအစ်ကိုတွေက သင်ပေးတဲ့အတွက် ရင်ထဲက ကျေးဇူးတင် ပါတယ်။ ဖိုးစည် ဆိုတဲ့ကာရိုက်တာကို ဒါရိုက်တာ ကိုပြည်ဟိန်းသီဟ က တာရာပွကြီး ပုံနဲ့ တူအောင် ဖန်တီးပေးထားပါတယ်'' လို့ သူက ဆိုပါတယ်။

play

ကိုယ့်ဇာတ်ဝင်ခန်းကို အားရမှုမရှိသေးပေမယ့် စီနီယာတွေရဲ့ သရုပ်ဆောင်မှုတွေကိုတော့ အားရတယ်လို့ သူက ပြောပါတယ်။

''အကြိုက်ဆုံး ဇာတ်ဝင်ခန်းကို ဝန်ခံရရင် ကျွန်တော် သရုပ်ဆောင်တာကို ကျွန်တော် အားမရဘူး။ ကျွန်တော့်ရဲ့ စီနီယာအစ်ကိုကြီးတွေ သရုပ်ဆောင်တာကိုပဲ အရမ်းအားရပါတယ်။ ကျွန်တော်က ဒီထဲမှာ ပရိသတ်အနည်းဆုံးပါ မသိတဲ့သူတွေလည်း ရှိပါတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို အသစ်တစ်ယောက်အနေနဲ့ ကြိုဆိုပါ၊ ဝေဖန်ပေးပါလို့ ပြောချင်ပါတယ်'' လို့ သူက ဆိုပါတယ်။

play

 

ဂယ်ဘဲသရဲနှင့် သူငယ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ သရုပ်ဆောင် သြဘာကတော့ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူး ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရှိတာကြောင့် ရုံတင်မယ့်ရက်ကို စောင့်နေတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD