သရုပ်ဆောင် အဆိုတော် စိုးပြည့်ပြည့်စံရဲ့ မွေးနေ့လေးကတော့ ဒီနေ့(ဒီဇင်ဘာ၂၉)ရက် ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ မြင့်မိုရ်ဂေဟာလေးမှာ ရှိတဲ့ Single Mother  တွေနဲ့အတူ ဖြတ်သန်းခဲ့ပါတယ်။

လိုအပ်တာတွေကိုလည်း လှူဒါန်းခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

"မွေးနေ့တစ်နေ့တာ......(၂၉.၁၂.၂၀၁၇)

ချစ်ဖို့ကောင်းတဲ့ #SingleMotherညီအမတွေနဲ့အတူတူ

တနေ့တာဖြတ်သန်းရတာ  ပိုကြည်နူးတယ်

မြင့်မိုရ်ဂေဟာလေးအတွက်လ.ိုအပ်တဲ့ပစည်းလေးတွေဝိုင်းဝန်းလှူပေးကြတဲ့အကိုအမတွေကိုလည်း  အရမ်းကျေးဇူးတင်ပါတယ်" ဆိုပြီး ရေးသားထားပါတယ်။

play

 

စိုးပြည့်ပြည့်စံဟာ အခုဆိုရင် ရင်သွေးလေး လွယ်ထားရပြီ ဖြစ်ပါတယ်။ ရင်သွေးလေးက သားလေးလို့ သိရပါတယ်။ သရုပ်ဆောင် အဆိုတော် စိုးပြည့်ပြည့်စံနဲ့ ခင်ပွန်း ကိုအောင်သူပိုင်တို့ကတော့ အောက်တိုဘာလ ၉ ရက်နေ့က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

play

 

စိုးပြည့်ပြည့်စံအနေနဲ့ အနုပညာအလုပ်နဲ့ပတ်သက်ပြီး မော်ဒယ်လ် တစ်ယောက် အဖြစ်ရော၊ အဆိုတော် တစ်ယောက်အဖြစ်နဲ့ပါ ပရိသတ်အား ပေးမှုရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

စိုးပြည့်ပြည့်စံ ကတော့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိထားတာဖြစ်ပြီး နောက်ဆုံးအနေနဲ့ Single Lady ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ထွက်ရှိထားတယ်လို့ သိရပါတယ်။

Photo: စိုးပြည့်ပြည့်စံဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video