AD
AD
AD

၂၀၁၇ ခုနှစ်ထဲမှာ ပရိသတ်တွေ အားပေးမှု အများဆုံး ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေလည်း ပါဝင်ပါတယ်။

ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား (၄) ကားဟာ ၂၀၁၇ ခုနှစ်ထဲမှာ ရုံတင်ပြသခဲ့သလို ပရိသတ်များရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

play

 

ပထမဆုံး ရုံတင်ပြသခဲ့တဲ့ နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားကြီးကတော့ လင်္ကာရည်ကျော်ရဲ့ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူး ထားတာ ဖြစ်ပြီး ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ပြေတီဦးဟာ သွေးကင်ဆာဝေဒနာရှင် ထွန်းအိန္ဒြာဗိုရဲ့ ယောက်ျား ငယ်ရွယ်တဲ့ဆရာဝန်တစ်ယောက် ၊ ပိုင်ဖြိုးသုကတော့ အညှို့တွေ အီစီကလီတွေနဲ့ မိန်းမရှိသူ ယောက်ျားတစ်ယောက်ကို ဆွဲဆောင်ရသူ တစ်ဦး အဖြစ် သရုပ်ဆောင်ထားတာပါ။အဲ့ဒီဇာတ်ကားမှာ ပါဝင်တဲ့အခန်းနည်းတဲ့ သူကတော့ ထွန်းအိန္ဒြာဗိုပါ။ သူမကိုတော့ ပရိသတ်တွေက အကယ်ဒမီမှန်းကြတယ်ဆိုပြီး ပြောထားကြတာတွေ တွေ့ရပါတယ်။

အဲ့ဒီကားထဲမှာ ပရိသတ်တွေကို ဆွဲဆောင်နိုင်သူ ပိုင်ဖြိုးသုကတော့ သူမသရုပ်ဆောင်ရတဲ့ကာရိုက်တာနဲ့ သူမရဲ့ အနုပညာသက်တမ်းနဲ့ဆိုရင် တော်တယ်လို့ ပရိသတ်များရဲ့ မှတ်ချက်ပေးခြင်းကို ခံခဲ့ရပါတယ်။ နေဝင်အိပ်တန်းတက် ရုပ်ရှင်ဇာတ်ကားဟာလည်း ပရိသတ်အားပေး မှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

play

 

ဒုတိယ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေရဲ့ ကြိတ်ကြိတ်တိုး အားပေးခဲ့တဲ့ ရင်ဘက်ထဲကဓား ရုပ်ရှင်ဇာတ်ကားဖြစ် ပါတယ်။ အဲ့ဒီဇာတ်ကားဟာ ဝတ္ထုလမင်းမိုမိုရဲ့ အမှောင်ထဲမှာဆိုတဲ့ ဇာတ်လမ်းကို ရင်ဘက်ထဲကဓား ရုပ်ရှင်အဖြစ် ဒါရိုက်တာ ဝိုင်းက ပုံဖော်ထားတာ ဖြစ်ပါတယ်။ ယင်းဇာတ်ကားမှာ ပြေတီဦး၊အိန္ဒြာကျော်ဇင်၊ တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒြာကျော်ဇင်ကို အမျိုးသမီး ဇာတ်ဆောင်ဆုရမယ်ဆိုပြီး ပရိသတ်တွေ ခန့်မှန်းထားကြပါတယ်။ ပြေတီဦးဆိုရင်လည်း သူသရုပ်ဆောင်ရတဲ့ ကာရိုက်တာကို လုံးဝအပြည့် ပရိသတ်တွေရဲ့ အမုန်းကို ခံရပေမယ့် သူ့ရဲ့ ကာရိုက်တာအပေါ် တာဝန်ကျေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

တချို့ ပရိသတ်တွေဆို အဲ့ဒီဇာတ်ကားမှာ ပြေတီဦးကို တော်တော်ကို မုန်းသွားကြတယ်လို့လည်း သိရပါတယ်။ အဲ့ဒီဇာတ်ကားမှာ အဝေးအဖြစ် သရုပ်ဆောင်ထားတဲ့ အိန္ဒြာကျော်ဇင်အတွက် ပင်ပန်းတဲ့ ကားတစ်ကားလို့ ဆိုရမှာပါ။ရင်ဘက်ထဲကဓား ရုံတင်တဲ့အချိန်တုန်းကဆိုရင် အိန္ဒြာကျော်ဇင်ရဲ့ ကာရိုက်တာဟာ မိန်းကလေးများရဲ့ အားပေးမှုကို ရရှိခဲ့သလို သူမရဲ့ ကာရိုက်တာကို ကြည့်ပြီး အိမ်ထောင်မပြုတော့ဘူးဆိုတဲ့ စကားသံတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာလည်း အိန္ဒြာကျော်ဇင်တစ်ယောက် အဲ့ကားနဲ့ အကယ်ဒမီရမယ်ဆိုတဲ့အကြောင်း၊ အဝေးရဲ့ ဓာတ်ပုံတွေနဲ့ ပရိသတ်တွေဂုဏ်ပြုထားတာတွေက လနဲ့ချီအောင် နေရာယူထားနိုင်ခဲ့ပါတယ်။ အဲ့လိုကာရိုက်တာအပေါ် တာဝန်ကျေခဲ့မှုကြောင့်လည်း သူမရဲ့ ပရိသတ်တွေကတော့ သူမကို အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်စေချင် နေကြတာ ဖြစ်ပါတယ်။

play

 

နောက်ထပ် ဇာတ်ကားတစ်ကားကတော့ အခုချိန်ထိ ပရိသတ်တွေရဲ့ရင်ထဲမှာ မမတာအဖြစ် နေရာယူထားနိုင်ဆဲ နေတိုးရဲ့ ဇာတ်ကားကောင်း တစ် ကားဖြစ်တဲ့ တာတေကြီးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာလည်း ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး နေတိုး၊ ရွှေသမီး၊ တို့ကအဓိက သရုပ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ တာတေကြီး ဇာတ်ကားမှာ နေတိုးဟာ မမတာဇာတ်ရုပ်နဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့သူပါ။

မိန်းမလျာတစ်ယောက်အဖြစ် ဘဝကို ကြိုးစားရုန်းကန်ရင်း မသာမာသူတွေရဲ့ ယုတ်မာမှုကို ခံရပြီး မိသားစုလိုက် သေသွားခဲ့ရာက အစွဲအလမ်းကြီးသူတစ်ဦးဖြစ်ပြီး မကျွတ်မလွတ်ပဲ သရဲဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။မမတာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ရုံသာမက မိသားစု သုံးယောက်စလုံး သရဲဝင်ပူးချိန်မှာ တစ်ယောက်တည်း ပုံဖော်ထားပုံက နေတိုးရဲ့ သရုပ်ဆောင် ပိုင်ဆိုင်မှုကို ထင်ဟတ်စေတာလည်း ဖြစ်ပါတယ်။

အဲ့ဇာတ်ကားကြည့်ပြီးနောက် ပရိသတ်တွေအားလုံးဟာလည်း မမတာကို အကယ်ဒမီဆုရစေချင်ကြပါတယ်။ ပရိသတ်တွေကလည်း တာတေကြီး ဇာတ်ကားနဲ့ ပတ်သက်ပြီး နေတိုးရဲ့ ကာရိုက်တာအပေါ် ယခုလို မှတ်ချက်များလည်း ပေးထားကြပါသေးတယ်။

"နေတိုးဇာတ်ဝင်ခန်းတွေမှာ အမှတ်တရပြောရရင် သရဲဝင်ပူးတဲ့အခန်းတကယ့်အပြစ်အပျက်နဲ့တူလွန်းတယ် ဒါကြောင့်စစ်မှန်တဲ့ သရုပ်ဆောင်မှု့နဲ့အတူ အမှန်တရားတွေ ဥာဏ်မများဘဲ အစစ်မှန်သော အကယ်ဒမီရပါစေလို့ ဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။ အကယ်ဒမီရေ" ဆိုတဲ့ မှတ်ချက်တွေကတော့ ဝေဝေဆာဆာကို တွေ့ရတာပါ။

play

 

ယင်းဇာတ်ကားသုံးကားလုံးကတော့ မကောင်းတဲ့ Feedback တွေမရှိလောက်အောင် ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေထဲက နောက်ဆုံး ဒီနှစ်ထဲမှာ ရုံတင်တဲ့ ဇာတ်ကားကတော့ 3Girls ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်သစ်ဖြစ်သူ အလင်းရောင်နဲ့အတူ ဖွေးဖွေး၊ အိချောပို၊ပိုင်ဖြိုးသုတို့ကပါဝင်ထားကြပါတယ်။ သရုပ်ဆောင်သစ်အလင်းရောင် အတွက်တော့ အဲ့ဇာတ်ကားက အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ မင်းသမီးသုံးလက်ရဲ့ မတူကွာပြားတဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရတဲ့ ဇာတ်ကားပါ။ အောင်မြင်မှု ရရှိခဲ့သလို မကောင်းတဲ့ ဝေဖန်မှုတွေ  တော်တော်များများကိုလည်း ရရှိခဲ့တဲ့ဇာတ်ကား တစ်ကားဖြစ်ပါ တယ်။ တချို့ပရိသတ်တွေကလည်း ဒီဇာတ်ကားကို မကောင်းဘူးဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

play

 

နေဝင်အိပ်တန်းတက်၊ ရင်ဘက်ထဲကဓား၊ တာတေကြီးဇာတ်ကားနဲ့ ဒီဇင်ဘာလထဲမှာ ရုံတင်ပြသခဲ့တဲ့ 3 Girls ရုပ်ရှင်ဇာတ်ကားတို့ဟာ ဒါရိုက်တာဝိုင်းကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပြီး၂၀၁၇ခုနှစ်အတွင်းမှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားတွေလည်း ဖြစ်ပါတယ်။ ပရိသတ်အား ပေးမှု ရရှိထားတဲ့ ဇာတ်ကားတွေ ဖြစ်သလို အကယ်ဒမီဆုတွေ ပိုင်ဆိုင်နိုင်မယ့် ဇာတ်ကားတွေဖြစ်တယ်လို့ ပရိသတ်များက မှတ်ချက်ပေးထား ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD