လူငယ်အဆိုတော် ဘန်နီဖြိုးက ၂၀၁၈ခုနှစ်မှာ ဖြစ်ချင်တဲ့ဆန္ဒလေးတွေနဲ့ လုပ်ချင်တာလေးတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်လေးမှာ ရေးပြီး တင်ထားတာပါတယ်။

လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က တင်ထားတာဖြစ်ပါတယ်။

play

 

သူကတော့ ၂၀၁၈ခုနှစ်မှာ ဆံပင်အရှည်ထားမယ်၊ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးပေါက်ချင်တယ်တဲ့။အဲ့လိုပဲ ဖိနပ်ဝယ်တာလည်း လျှော့မယ်လို့ ပြောထားတပြီး ဘတ်စကတ်ဘောလည်း ပြန်ဆော့မယ်ဆိုပြီး ပြောထားပါတယ်။

ပြီးတော့ စကိတ်ပြန်စီးမယ်တဲ့။ ကျောင်းတစ်ခုခုထပ်တက်ချင်သလို အင်္ကျီဒီဇိုင်းအသစ်တွေ၊ သီချင်းတွေ၊ အခွေသစ်ထုတ်ဖို့နဲ့စာအုပ်တွေ ပိုဖတ်ဖြစ်မယ်တဲ့။ Be@rbrick သုံးရုပ်လောက်ရအောင်ဝယ်မယ်လို့လည်း ပြောထားပါတယ်။

play

 

နောက်တစ်ခုကတော့ မိသားစုနဲ့လည်း ခရီးထွက်မယ် ညဆိုလည်းစောစောအိပ်မယ်တဲ့။ ကျန်တဲ့အချက်လေးတွေကိုတော့ အောက်ကပုံလေးထဲမှာ ကြည့်လိုက်နော်။

play

 

သူကတော့ သူဖြစ်ချင်တဲ့ဆန္ဒလေးတွေ လုပ်ချင်တာလေးတွေကို ရေးထားပြီး နောက်နှစ် memory ပြန်တက်လာရင် တကယ်လုပ်ဖြစ်မလုပ်ဖြစ် ပြန်တိုက်ကြည့်လို့ရတာပေါ့လို့လည်း ပြောထားပါတယ်။

အဆိုတော်ဘန်နီဖြိုးဟာ လူငယ်ပရိသတ်များစွာအားပေးမှုကို ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ဘန်နီဖြိုး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video