ဖေ့စ်ဘွတ်ဆယ်လီကြီး အောင်ရဲထွေးတစ်ယောက် ဆုံးပါးသွားမှပဲ သူ့ကို ချစ်ခင်သူ ဘယ်လောက်များသလဲဆိုတာ သိလိုက်ပါတယ်။

သူသေဆုံးရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းမဖြစ်နေကြသူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်နေပါတယ်။

၁။ ရန်အောင်

play
Photo - ရန်အောင်
 

"ဘာပြောရမှန်း မသိတော့ဘူး"

"ပြောစရာစကားလုံး ထွက်မလာဘူးဗျာ.."

" ဖြစ် မှ ဖြစ် ရ လေ "  လို့ ရန်အောင်က ရေးသားပြီး အောင်ရဲထွေးကွယ်လွန်တဲ့အကြောင်းရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို မျှဝေရင်း ၀မ်းနည်းစကား ဆိုထားပါတယ်။

၂။ ဖြိုးငွေစိုး

play
Photo- ဖြိုးငွေစိုး
 

"အောင်ရဲထွေး

မင်းနဲ့ငါနဲ့လူတွေရယ်မော

ပျော်ရွှင်အောင်လုပ်ကြမယ်ဆို......

အခုငါတို့အားလုံးဝမ်းနည်းကြေကွဲနေရပြီကွ

ဟာ အကိုကလဲ ဒိုးခ ပါဘဲလို့ ပြောလေကွာ

ဟေ့ကောင် ...." တဲ့။

သူ့စာလေးဖတ်ပြီး မျက်ရည်တောင် လည်လာမိပါတယ်။

၃။ Bobby Soxer

play
Photo - Bobby Soxer
 

Bobby Soxer ကတော့ "စိတ်မကောင်းဘူး တကယ်" လို့ပဲ ရေးသားထားတာဖြစ်ပါတယ်။ သူဘာကို ရည်ညွှန်းတယ်ဆိုတာကို ထည့်ရေးမထားပေမဲ့ အားလုံးက အောင်ရဲထွေးရဲ့သတင်းကို ဆိုလိုမှန်း သိနေကြပါတယ်။

၎။ ဂျေမီ

play
Photo - ဂျေမီ
 

"I'm sorry for Aung Yell Htwe's Death..

My love goes to His Family" လို့ ဂျေမီ ရေးသားထားပြီး Feeling Sad ဖြစ်လို့ နေပါတယ်။

၅။ လွှမ်းပိုင်

play
Photo - လွှမ်းပိုင်
 

"မနှစ်ကဒီချိန် မင်းကိုရုပ်ရှင်ရိုက်ဖို့ကိစ္စစပြောဖို့ Media 7 ရုံးမှာစတွေ့တယ်။ ဒီနေ့ကျတော့မင်း နာရေးသတင်းမေးဖို့ မင်းအိမ်ကို ငါရောက်လာရတယ်။ ကောင်းရာသုဂတိလားပါစေ..Rest In Peace Aung Yell Htwe" လို့ လွှမ်းပိုင်က ရေးသားပြီး အောင်ရဲထွေးနဲ့ သူနဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားခဲ့တာပါ။

၆။ ရဲရင့်အောင်

play
Photo - ရဲရင့်အောင်
 

"ကိုမောင်မောင့်မောင်

ပြောချင်တာတွေအများကြီးပါ။

ဘယ်ကစပြောရမှန်းတောင် မသိဘူး။

မင်းလည်းမရှိတော့ဘူး။

R.I.P" လို့ ရဲရင့်အောင်က ရေးသားထားပါတယ်။ ကိုမောင်မောင့်မောင်ဆိုတာက အောင်ရဲထွေး ဖန်တီးတဲ့ ဟာသဗီဒီယိုတွေထဲမှာ

အောင်ရဲထွေးအမြဲသုံးနေကျ နာမည်တစ်ခုဖြစ်တဲ့အတွက် ရဲရင့်အောင်လည်း အောင်ရဲထွေးရဲ့ဗီဒီယိုတွေကို နှစ်သက်သူဖြစ်ကြောင်း

သိသာလှပါတယ်။

၇။ ဝတ်မှုံရွှေရည်

play
Photo - ၀တ်မှုံရွှေရည်
 

"May u Rest In Peace Brother Aung Ye Htwe" လို့ ရေးသားထားပါတယ်။

၈။ ယုန်လေး

play
Photo - ယုန်လေး
 

ယုန်လေးကတော့ အောင်ရဲထွေး အသတ်ခံရတဲ့အတွက် မချင့်မရဲဖြစ်လို့နေတာပါ။

"တကယ့် စိတ်မကောင်းစရာတွေ ငါတောင်အိပ်တာ သိပ်အိပ်လို့မရပဲ တကယ်မဟုတ်လောက်ပါဘူးလို့ထင်နေသေးတာ။

အမြဲတန်းအတူတူနေနေတဲ့ ငါ့ညီလေးတွေ

အောင်မိုးဦး ရဲရင့် မင်းတို့တွေ အိပ်လို့မှပျော်ရဲ့လားကွာ။

လူတစ်ယောက် အသက်ဆုံးရှုံးသွားတဲ့ အပေါ်မှာ ဘယ်ဘာသာဝင်ကမှ လူကောင်းဆိုမပျော်နိုင်ပါဘူး။

သူဟာသူ ဘာဘာသာကိုးကွယ်ကိုးကွယ်

သူ့မိသားစုတွေကြေကွဲ နေတဲ့ Live မှာ

ဘာသာနဲ့ ပက်သက်ပြီး သွားဆော်ကားတာတွေ မင်းတို့တွေလူလို အသိတရားရှိကြပါ" လို့ ယုန်လေးက ရေးသားထားပါတယ်။

၉။ လိုင်လာခန်း

play
Photo - လိုင်လာခန်း
 

"ပြောချင်တာတွေအများကြီးရှိပေမဲ့ မပြောတော့ပါဘူး။

သူ့ကို Personally မသိလိုက်ပေမဲ့ ၊အရမ်းစိတ်ထိခိုက်မိတာအမှန်ပဲ" လို့ လိုင်လာခန်းက ရေးသားထားပါတယ်။

၁၀။ ထွန်းထွန်း

play
Photo - ထွန်းထွန်း
 

"ညီလေးရေ ကောင်းရာသုကတိလားပါစေ" လို့ သရုပ်ဆောင် ထွန်းထွန်းက ရေးသားထားပြီး အောင်ရဲထွေးရဲ့အကောင့်ကို Tag လုပ်ထားပါတယ်။ ဒါ့အပြင် ထွန်းထွန်းက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်  သူ့ရဲ့ Profile ပုံကိုလည်း အနက်ရောင် ပြောင်းလိုက်ပါတယ်။

ဒီအနုပညာရှင် ၁၀ ဦးအပြင် မနေ့ညနေကစလို့ ဒီနေ့အထိ ဖေ့စ်ဘွတ်တခွင်မှာ အောင်ရဲထွေးသတင်းအပေါ် ဝမ်းနည်းမှုတွေနဲ့ချည်း ဖုံးလွှမ်းနေပါတယ်။

ဖေ့စ်ဘွတ်ဆယ်လီ အောင်ရဲထွေး (ခေါ်) ရဲထွေးအောင်ဟာ နယူးရီးယားညက ကလပ်တစ်ခုမှာ ဝိုင်းရိုက်ခံရပြီးနောက် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ဈာပနကို ဒီနေ့ (ဇန်နဝါရီလ ၃ ရက်နေ့) နေ့လယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video