ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ချစ်သူနဲ့ တကယ်ပဲ မင်္ဂလာဆောင်နေပါပြီ။

play

 

ယွန်းဝတီလွင်မိုးနဲ့ သူမရဲ့ချစ်သူ ထက်ဦးလှိုင်တို့ ဒီနေ့ ဇန်နဝါရီလ ၄ ရက်မှာ မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းနဲ့ ဖိတ်စာဟာ လွန်ခဲ့တဲ့ ၃ ရက်ကတည်းက အွန်လိုင်းမှာ ပျံ့နေခဲ့ပေမဲ့ ပရိသတ်အများစုကတော့ မယုံနိုင်ဖြစ်နေခဲ့ပါတယ်။

ဒါပေမဲ့ ယွန်းဝတီကတော့ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ခင်းမှာ မင်္ဂလာပွဲကို MELIA Hotel Yangon မှာ ကျင်းပနေပါပြီ။

play

 

ပြည်ပမှာ ကျောင်းသွားတက်နေပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလစကမှပဲ College Foundation အောင်မြင်သွားတဲ့ ယွန်းဝတီလွင်မိုးဟာ

တက္ကသိုလ်တက်ဖို့ စိတ်အားထက်သန်နေတဲ့အတွက် အခုလို ရုတ်တရက် အိမ်ထောင်ပြုလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ပါဘူး။

play

 

သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြော်ငြာအချို့မှာလည်း ပါဝင်ထားတဲ့သူမဟာ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်မယ့် ယွန်းဝတီလွင်မိုးနဲ့ မောင်ထက်ဦးလှိုင်တို့ဟာ ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) မနက်ပိုင်းမှာ MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video