ယွန်းဝတီလွင်မိုး မင်္ဂလာဆောင်မယ်ဆိုတဲ့ သတင်းကို ကြားတဲ့အချိန်မှာ စိုးမြတ်နန္ဒာက ငိုချင်သလိုတောင် ဖြစ်ရတယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ငယ်ငယ်လေးကတည်းက ယွန်းဝတီလွင်မိုးကို အိမ်မက်ထဲထိ မက်ရအောင် ချစ်ရတယ်ဆိုပြီးတော့လည်း ပြောထားပါတယ်။

play

 

ခေးလေး ရဲ့ မင်္ဂလာဆောင်လေးကိုတော့ သွားချင်ခဲ့ပေမယ့် သွားမရတဲ့ အခြေအနေမို့ အဝေးကနေပဲ တက်လာတဲ့ သတင်းတွေ ကြည့်ပြီး ကျေနပ်ရမှာပါဆိုပြီးတာ့ ရေးသားထားပါတယ်။

"ကလေးလေး တွေထဲမှာ အချောဆုံး နဲ့ ချစ်စရာအကောင်းဆုံး ခေးလေး'ငယ်ငယ် ကဆို အိပ်မက်ထဲထိမက်ရအောင် ချစ်ရတဲ့ ခေးလေး' စိတ်ကူးထဲ ခဏခဏ ခိုးပြေးချင်တဲ့ ခေးလေး' ကိုယ်တောင် ဒီလောက်ချစ်ရတော့ ပြည့်စုံတဲ့အလှတွေပိုင်ဆိုင်လာတဲ့ ခေးကို ချစ်တဲ့သူတွေ များမှာပေါ့လေ.. ခေးလေး စေ့စပ်ထားတာ သိပေမဲ့ မင်္ဂလာဆောင် မယ်ဆို တော့ ငိုချင်သလို ဖြစ်ရတယ် ။ ပွဲတွေ မသွားချင်ပေမဲ့ ခေး မင်္ဂလာဆောင်လေးတော့ သွားချင်ခဲ့တာ။ ဒါပေမဲ့ သွားမရတဲ့ အခြေအနေမို့ အဝေးကနေပဲ တက်လာတဲ့ သတင်းတွေ ကြည့်ပြီး ကျေနပ်ရမှာပါ .ချစ်စရာကောင်းတဲ့ ခေးလှလွန်းတဲ့ ခေး

ယဉ်ကျေးတဲ့ ခေး

မိဘ ကိုအစောကြီးထဲက လုပ်ကျွေးတဲ့ ခေး

ခေးလေး ဘဝ တစ်လျှောက်လုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ...

ခေးကို ချစ်လို့ ပိုင်ဆိုင်ခွင့်ရတဲ့သူ နဲ့ အတူ ခေးလေး ပျော်နိုင်ပါစေ ... ပညာတတ်ကြီးလဲ ဖြစ်ပါစေ ....

ခေးကို ချစ်တဲ့ ခေး က ချစ်တဲ့ ဖေဖေ နဲ့ မေမေ ကိုလဲ ကျေးဇူးသိတတ်တဲ့ ခေးလေး ဖြစ်ပါစေ ခေး ရေ ..."လို့ ဆိုထားပါတယ်။

play

 

ဒီနေ့(ဇန်နဝါရီ၎) ရက်နေ့မှာ ထက်ဦးလှိုင်နဲ့ ယွန်းဝတီလွင်မိုးတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို မနက်(၉)နာရီက Melia ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ညစာစားပွဲကိုတော့ ည(၇)နာရီ Melia ဟိုတယ်မှာပဲ ဆက်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo : မေဦး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video