သန္တာလှိုင်က ဇန်နဝါရီ(၁၀)ရက်နေ့ညက ရုတ်တရက်ကြီး အသက်ရှုကြပ်လာလို့ ရန်ကုန်ဆေးရုံကြီးက Emergency ကို ရောက်သွားသေး တယ်လို့ ဆိုပါတယ်။ ရုတ်တရက်ကြီး ရင်ကြပ်ပြီး အသက်ရှုလို့မရတော့တာဆိုပြီး သူမရဲ့ အကောင့်မှာ ပြောပြထားပါတယ်။

သူမနဲ့ အိမ်နဲ့ ဆေးရုံကြီးက (၃)မိနစ်လောက်ဆိုတာနဲ့ ရောက်တာကြောင့် သူမအတွက် အဆင်ပြေသွားတယ်တဲ့။

play

 

အမှန်တကယ် ခွဲခန်းထဲဝင်ရမယ့်သူက သူမရဲ့အမျိုးသားဖြစ်တယ်ဆိုပြီး အကြောင်းစုံကို ယခုလို ပြောပြထားပါတယ်

"အမှန် တကယ့်လူနာက ယောက်ျားလေ မနေ့နေ့လယ်က ခွဲခန်းထဲ ဝင်ရတာက သူ  အိမ်က ခွေး၂ ကောင် ကိုက်တာကို ဇောနဲ့ ဆွဲလိုက်တာ ဘယ်လောက်တောင် လက်က အားပြင်းလဲ မသိဘူး ။ လက်ချောင်းတွေ အဆစ်ချော်လွဲပြီး လက်ချောင်းက အရိုးလေးတွေ ကြေတောင် သွားတယ် မနေ့က သူခွဲစိတ်ပြီး လက်ချောင်းမှာ သံချောင်းတွေရော ကြယ်သီးနဲ့ အပ်ချည်ကြိုးတွေနဲ့ ထွက်လာပြီး တော်တော်နာနေလို့ သားအမိ၂ယောက် သူ့ကိုဝိုင်းပြီး ပြုစုနေတဲ့ အချိန် ညလယ်ကျမှ ကိုယ်က ထပြီး ရင်ကြပ်ပါလေရော.ဆရာဝန်ငယ်ငယ်ချောချောလေးတွေ အများကြီးပဲ ကိုယ့်ကို ဝိုင်းပြီ ဂရုစိုက်ပေးတဲ့ ဆရာဝန် ညီမချောချောလေးတွေကို ကျွန်မရဲ့ workshop မှာ အချိန်ရတာနဲ့ နီးနီးလေးမို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လာလုပ်ဖို့ ဖိတ်ခဲ့တယ်" ဆိုပြီး ပြောပြခဲ့ပါတယ်။

play

 

အစစအရာရာ လိုလေသေးမရှိအောင်ဖြည့်ဆည်းပေးတာကြောင့်လည်း ကိုယ့်နိုင်ငံကိုယ် လေးစားချီးကျူးမိသလို ရှောင်လွဲလို့မရ မသွားမနေ သွားရတဲ့လူတွေ များနေတဲ့ ယခုလို နေရာမျိုးကိုလည်း လိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်အောင်လှူဖို့က အင်မတန်အရေးပါလာဆိုပြီး သူမအနေနဲ့ တွေးမိတာကြောင့်သူမနဲ့အတူ လှူဒါန်းချင်တဲ့သူကိုလည်း သန္တာလှိုင်က ဖိတ်ခေါ်ထားပါသေးတယ်။

သူမရဲ့ ပရိသတ်တွေက သူမကို ကျန်းမာရေး ဂရုစိုက်ဖို့အတွက်ကိုလည်း ပြောထားကြပါသေးတယ်။

Photo : သန္တာလှိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video