Myanmar Idol ပြိုင်ပွဲရဲ့ Winner တစ်ဦးဖြစ်တဲ့ သားငယ်ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကတော့ မကြာခင် ပရိသတ်တွေ လက်ထဲရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေကို အသစ်အသစ်တွေ ချပြချင်တဲ့ သားငယ်ရဲ့ ဆန္ဒကြောင့်အခွေကိုလည်း မြန်မြန်ထွက်စေချင်ခဲ့ပါတယ်။

အခုတော့ အခွေထွက်ချင်တဲ့ သားငယ်ရဲ့ ဆန္ဒကော သီချင်းသစ်တွေနားထောင်ချင်နေတဲ့ ပရိသတ်တွေရဲ့ ဆန္ဒပါ ပြည့်တော့မှာ ဖြစ်ပါတယ်။

play

 

သားငယ်ရဲ့ ပထမဆုံးတစ်ကိုယ်တော်အခွေကို ဖေဖော်ဝါရီ (၂) ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပြီး အခွေနာမည်ကို လမ်းကလေးလို့ ပေးထားပါတယ်။ သားငယ်ရဲ့ သီချင်းခွေကို အဲ့ဒီနေ့မှာပဲ Moon Myanmar Media ကနေ တစ်နိုင်ငံလုံးကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

အရမ်းကြိုက်တဲ့ တေးရေးဆရာတွေက ရေးပေးထားတဲ့ သီချင်းတွေလည်း ပါဝင်ပြီး ပရိသတ်အကြိုက်နဲ့ သားငယ်အကြိုက် ထပ်တူကျရင်တော့ ထူးခြားသွားနိုင်တယ်လို့ ဆိုပါတယ်။

play

 

'' သီချင်းကတော့ ကျွန်တော်ရေးတာမပါဘူး ကျွန်တော်သိပ်မရေးတတ်ဘူး။ သီချင်းတွေကလည်း တီးထား၊ ဆိုထားတာ ၁၄ ပုဒ်လောက်ရှိတယ်။ အဲ့ဒီထဲကနေပြန်ရွေးရမယ်ဆိုတော့ တေးရေးအနေ နဲ့ ကိုအောင်ကိုမြင့်၊ ကိုလင်းလင်း၊ ကိုညီမင်းခိုင် တို့ ကျွန်တော်အရမ်းကြိုက်ရတဲ့သူတွေပဲ လေ၊ ပြီးတော့ ကိုသာဒီးလူတို့လည်းပါမယ်ပေါ့။ ထူးခြားတာ မထူးခြားတာကတော့ နားထောင်တဲ့သူတွေရဲ့ နားထဲမှာ ချိုချိုဝင်မလား ကန့်လန့် ဝင်မလား အကဲဖြတ်ပါလိမ့်မယ်။ သူတို့ကြိုက်တာ ကျွန်တော်ကြိုက်တာ ထပ်တူကျရင်တော့ သူတို့နားထဲမှာ ထူးခြား သွားနိုင်တာပေါ့" လို့ သားငယ်က ပြောပါတယ်။

play

 

ပထမဆုံးတစ်ကိုယ်တော်အခွေအတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုကိုလည်း နားထောင်ချင်သလို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

'' ပရိသတ်ရဲ့ Feedback ကိုလည်း နားထောင်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း Feedback ပြန်ပေးပါတယ်။ ပရိသတ်တွေကလည်း အသစ်ကို တော်တော် နားထောင်ချင်နေပြီ ဒါဟာသဘာဝပဲ အသစ်တွေ နားထောင်ချင်လို့လည်း ကျွန်တော့်ကို အချိန်ကုန်ခံ၊ ငွေကုန်ခံ၊ လင်မယားတွေ စကားများကြပြီး ကျွန်တော့်ကို Vote ပေးခဲ့ရတာလေ။ တစ်ခါလာလည်း ပြိုင်ပွဲ တုန်းက သီချင်းတွေပဲဆိုရင် ငြီးငွေ့လာမယ် လို့ထင်တယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း အသစ် အသစ်တွေ လုပ်ပြချင်တယ်'' လို့ ဆိုပါတယ်။

play

 

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Photo : သားငယ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video