ဂီတလောကမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာရရှိထားသူ တေးသံရှင် တစ်ယောက်ဖြစ်တဲ့ အဆိုတော်မီမီဝင်းဖေကတော့ ပရိသတ်တွေအတွက် စီးရီးခွေ အသစ်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တစ်ကိုယ်တော်စီးရီးခွေ မထွက်တာဆိုရင် (၁၀)နှစ်ကျော်နေပြီဖြစ်တာကြောင့် ယခုနှစ် သင်္ကြန်နှစ် သင်္ကြန်အပြီးလောက်မှာ ပန်ဆင်မယ်ဆို ဆိုတဲ့ စီးရီးသစ်တစ်ခွေ ထွက်နိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

ယခုနှစ်မှာ ထွက်ရှိမယ့် ပန်ဆင်မယ်ဆို စီးရီးဟာ သူမရဲ့ ၂၀ကျော်မြောက်စီးရီးခွေဖြစ်ပြီး သီချင်း၁၂ပုဒ်ပါဝင်မှာ ဖြစ်ပါတယ်။

"တစ်ကိုယ်တော်အခွေက တော့ ညီညီသွင်တစ်ယောက် တည်းရေးတယ်။ Lazy Club တီး တယ်။ န၀ရတ်(စတူဒီယို)မှာ ဆို ထားတဲ့အခွေပါ။ မိန်းကလေးဆန် တဲ့သီချင်းလေးတွေဆိုထားပါ တယ်။ ပရိသတ်တွေအနေနဲ့က တော့ မမီတို့ရဲ့နောက်မှာ Gene-ration တွေအများကြီးပြောင်းလဲ သွားပါပြီ။ ဒါပေမဲ့ ကိုယ့် Generation ပရိသတ်တွေ ကိုယ့်ကိုဆို ပါဦး၊ ဘာညာအားပေးနေကြ တယ်။ ကျေးဇူးအရမ်းတင်တယ်။ သူတို့အတွက် အခွေလေးတွေ ထွက်လာပါလိမ့်မယ်။ ဆက်ပြီး အားပေးကြဖို့ ပြောချင်ပါတယ်’  ဆိုပြီး 7day Daily ကို ဖြေဆိုထားပါတယ်။

play

 

သူမက လက်ရှိမှာ ရှိုးပွဲတွေ သီဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အဆိုတော် မီမီဝင်းဖေဟာ ဂီတသက်တမ်း နှစ်(၃၀)ကျော်နေပြီဖြစ်ပြီး ယခုလအချိန်ထိ ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားနိုင်တဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။

Source : 7day Daily

Photo  : မီမီဝင်းဖေ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video