အခက်အခဲ အကျပ်တည်းတွေကို မခံနိုင်လို့ အမိမြန်မာပြည်ကို ကျောခိုင်းပြီး နိုင်ငံခြားကို ထွက်သွားခဲ့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အခုတော့ သူချစ်တဲ့ မြန်မာပြည် သူချစ်တဲ့အနုပညာအလုပ်ကို ပြန်ပြီး လုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံကို ပြန်လာတော့မယ်လို့ ရဲမင်းပိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

မြန်မာပြည်ကို ပြန်လာဖို့အတွက် ဦးကျော်သူက စတင်ပြောခဲ့သလို အမေရိက က သူငယ်ချင်းဖြစ်သူကလည်း မြန်မာပြည်ပြန်ပြီး အနုပညာအလုပ်တွေ လုပ်ဖို့ တိုက်တွန်းခဲ့တာကြောင့် သူပြန်လာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာခင်မှာ အမိအဘတွေကို တောင်းပန်ဖို့ သူကျင်လည်ခဲ့တဲ့ အနုပညာကို တောင်းပန်ဖို့ မြန်မာနိုင်ငံကို ပြန်လာတော့မယ်ဆိုပြီး ရေးသားထားပါတယ်။

play

 

"မကြာခင်ကျွန်တော် ပြည်မြန်မာ ကြီးကိုတောင်းပန်ဖို့ အမိအဘတွေကိုတောင်းပန်ဖို့ကျွန်တော် အနှစ်နှစ်ဆယ် ကျင်လည်ခဲ့တဲ့ အနုပညာ အလုပ်ကိုတောင်းပန်ဖို့ ကျွန်တော်အပေါ် ကောင်းတဲ့ တပည့်တွေနဲ့ ပြန်လည်ဆုံစည်းဖို့ နယ်ပေါင်းစုံ ရွာပေါင်းစုံမှာ ပြည်နယ်ပေါင်းစုံမှာ ယနေ့ထိ ကျွန်တော်ကိုတမ်းတနေတဲ့ချစ်ခင်သူတွေကို တောင်းပန်ဖို့ မကြာခင်ရက်ပိုင်းအတွင်း ကျွန်တော်ရောက်လာတော့မှာပါ" ဆိုပြီး ပြောထားပါတယ်။

play

 

တစ်ချိန်က အခက်အခဲတွေ အကျပ်တည်းတွေ မခံနိုင်တော့တာကြောင့် သူ့ဘဝအတွက် အမိမြေကို ကျောခိုင်းထွက်ခဲ့တာကြောင့် အမိမြေကို တောင်းပန်ကြောင်းလည်း ရေးသားထားသေးတယ်။ ရဲမင်းပိုင်အနေနဲ့ အနုပညာနဲ့ ကံကုန်ပြီလို့ ထင်မိခဲ့တယ်တဲ့။

"အနုပညာနဲ့ ကျနော် ကံကုန်ပြီလို့ ထင်မိခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော်ရဲ့ အနုပညာ က ကျွန်တော် ကို' မင်းပြန်လာခဲ့ပါ ကံမကုန်သေးဘူးအများကြီး လုပ်စရာတွေရှိတယ် ..လို့ပြောနေပါတယ်

အားလုံးသောချစ်ခင်ရသော မိတ်ဆွေ တွေ ကျေးဇူးရှင်တွေ ချမ်းသာစွာ ပျော်ရွှင်စွာ  အေးငြိမ်းသောဘဝတွေနဲ့ ထာဝရတည်ရှိကြပါစေ

ရဲမင်းပိုင်သရုပ်ဆောင် ( တချိန်က)" ဆိုပြီး ဆက်လက်ရေးသားထားပါသေးတယ်။

play

သရုပ်ဆောင် ရဲမင်းပိုင်က တစ်ချိန်က အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေကြား နာမည်ကြီးခဲ့တဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။

Photo : ရဲမင်းပိုင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video