ညီထွဋ်ခေါင်ကတော့ ဒါရိုက်တာ သြရသရိုက်ကူးတဲ့ ဇီးရိုးနဲ့ ဟီးရိုး ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ တင်းနစ်ချန်ပီယံတစ်ယောက်ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ကာရိုက်တာအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း ရှိသလို စီနီယာသရုပ်ဆောင်ပြေတီဦး ကိုလည်း အားကိုးရမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဇီးရိုးနဲ့ ဟီးရိုးမှာ တင်းနစ်ချန်ပီယံ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတယ်။ ပထမက ဇာတ်ကို ဖတ်ဖတ်ခြင်းတော့ ကိုယ်မကျွမ်းကျင်တဲ့ အရာဆိုတော့  စိတ်ဖိစိးမှုတော့ နည်းနည်းဖြစ်ခဲ့တာပေါ့။ အခုတော့ အယူအဆတွေလည်း နားလည်သွားပြီဆိုတော့ အဆင်ပြေပါတယ်။ ကျန်တဲ့အပိုင်းမှာလည်း ကိုပြေတီဦးတို့ ရှိနေတော့ သူကိုယ်တိုင်က အပြင်မှာလည်း တင်းနစ်ချန်ပီယံ အစစ်က ကိုပြေတီဦးဆိုတော့ အစ်ကို့ ကိုပဲ အားကိုးရမှာပေါ့'' လို့ သူက ဆိုပါတယ်။

play

 

ဟီးရိုးနဲ့ ဇီးရိုးရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေကို ပေးချင်တဲ့ သင်ခန်းစာအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

''လူတစ်ဦးချင်းစီတိုင်းမှာ ကျွမ်းကျင်တဲ့ဘာသာရပ်တစ်ခုရှိသလို လူတွေ မသိနိုင်တဲ့ အားနည်းချက်ဆိုတာလည်း ရှိကြတယ်ပေါ့နော်။ လူတွေ အမြင်မှာ သူက အားနည်းချက်တွေအရမ်းများတယ်။ သို့သော်လည်း လူမသိနိုင်တဲ့ ကျွမ်းကျင်တဲ့ ဘာသာရပ်ရှိတယ်။ ဇီးရိုးဖြစ်ပေမယ့် ဟီးရိုး ဖြစ်နေတဲ့ ကိစ္စတွေရှိတယ် အဲ့ဒီအရာလေးတွေကို သင်ခန်းစာပေးချင်တယ်။ လူတိုင်းက Parfect မဖြစ်နိုင်ဘူး လူတိုင်းမှာလည်း အားနည်း ချက်ကြီးပဲရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး'' လို့ ဆိုပါတယ်။

play

 

ဇီးရိုးနဲ့ဟီးရိုး ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်လုပ်ရိုက်ကူးတာဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းအလွှာရဲ့ သာရေး၊ နာရေး ရန်ပုံငွေအတွက် ရိုက်ကူးတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဒါရိုက်တာသြရသက စတင် ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ  ပြေတီဦး၊ဇင်ဝိုင်း၊ နေဆန်း၊ ညီထွဋ်ခေါင်၊ အိစိကွေး၊ ဝတ်မှုန်ရွှေရည်၊ ဆုမြတ်နိုးဦး၊ သန်းသန်းစိုးတို့က အဓိက ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo: ညီထွဋ်ခေါင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video